spot_img
Wednesday, September 10, 2025
More
    spot_img
    Homeသတင်းပုလောမြို့နယ် ထမင်းမစားရွာရှိ စစ်ကော်‌မရှင်တပ်စခန်းကို တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

    ပုလောမြို့နယ် ထမင်းမစားရွာရှိ စစ်ကော်‌မရှင်တပ်စခန်းကို တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

    -

    မြိတ်-ထားဝယ်ခရိုင်၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကော်မရှင်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

    ထမင်းမစားကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်မရှင်တပ်စခန်းကို KNLA တပ်မဟာ(၄) လက်အောက်ခံ KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၂)၊ တပ်ခွဲ(၅)၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီတွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

    ထမင်းမစားကျေးရွာရှိ စစ်ကော်မရှင်တပ်စခန်းတွင် ခလရ(၂၈၀)တပ်ရင်း၊ အမတ(၃၀၉)တပ်ရင်း၊ အမှတ်(၁၂) တပ်မတော်လေ့ကျင့်ရေး သင်တန်းကျောင်းတပ်ဖွဲ့ဝင်များမှ အင်အား စုစုပေါင်း ၄၀ ကျော်ရှိသည်။

    ဓာတ်ပုံ – တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ရရှိသည့် လက်နက်များ

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts