spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ်သန်း ၁၆၀ ထောက်ပံ့ရန် ထိုင်းအစိုးရစီစဉ်

    နယ်စပ်ရှိ မြန်မာဒုက္ခသည်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘတ်သန်း ၁၆၀ ထောက်ပံ့ရန် ထိုင်းအစိုးရစီစဉ်

    -

    ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း ၇ ခုအတွင်း နေထိုင်နေကြသည့် မြန်မာဒုက္ခသည် ၇၀၀,၀၀၀ ကျော်အတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုကောင်းမွန်စေရေး ဘတ်ငွေ သန်း ၁၆၀ ခန့် ထောက်ပံ့ရန် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်လျှက်ရှိကြောင်း သိရသည်။

    နယ်စပ်ဒေသရှိ မြန်မာဒုက္ခသည်စခန်းများအတွင်း ဘဏ္ဍာငွေမလုံလောက်ခြင်းကြောင့် အခြေခံကျန်းမာရေးဝန်ဆောင်မှုများ ထိခိုက်လာနေပြီး ကူးစက်ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားနေသည်။

    ယခင်က နိုင်ငံတကာအကူအညီများကို အဓိကမှီခိုနေခဲ့သည့် မြန်မာဒုက္ခသည်စခန်းများသည် အမေရိကန်အစိုးရက လူသားချင်းစာနာမှုအကူအညီများကို ရပ်ဆိုင်းလိုက်ပြီးချိန်မှစ၍ ကျန်းမာရေးဝန်ဆောင်မှုများ လျော့ရဲကာ ရောဂါကူးစက်ခံရမှုအခြေအနေများနှင့် ပိုမိုကြုံတွေ့လာခဲ့ရသည်။

    ထို့ကြောင် ထိုင်းကျန်းမာရေးဝန်ကြီး ဆွန်စက်သပ်စူတင်(Somsak Thepsutin)က ဒုက္ခသည်စခန်းများအတွင်း ရောဂါပျံ့နှံ့မှုမဖြစ်ရေးမှ ကာကွယ်ရန် အစိုးရအေဂျင်စီများ၊ အမျိုးသားလုံခြုံရေးကောင်စီရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဘတ်ငွေသန်း ၁၆၀ ကိုလည်း ထောက်ပံ့ရန်ရှိကြောင်း ထိုင်းမီဒီယာများထံ ပြောကြားထားသည်။

    ထိုင်းအစိုးရအနေဖြင့် သက်ဆိုင်ရာ ညွှန်ကြားရေးအဖွဲ့များ၏ အတည်ပြုချက်ရရှိပါက မြန်မာဒုက္ခစခန်းများ၏ ကျန်းမာရေးမူဝါဒများ ရေရှည်တည်တံ့ရေး စတင်ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။

    စီမံချက်အရ တစ်နှစ်လျှင်ဘတ် ၁၉ သန်းခန့် အသုံးပြု၍ မြန်မာဆေးဝန်ထမ်း ၂၉၆ ဦးကို ငှားရမ်းပြီး၊ စခန်းအတွင်း ကျန်းမာရေးဝန်ဆောင်မှုများ တိုးချဲ့ပေးသွားမည် ဖြစ်သည်။

    ထို့အပြင် ဒုက္ခသည်များကို စခန်းပြင်ပတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးခြင်းအားဖြင့် လူမှုဖူလုံရေးရန်ပုံငွေများကို ပါဝင်ထည့်သွင်းနိုင်ပြီး ထိုင်းနိုင်ငံသားများကဲ့သို့ ကျန်းမာရေးအစီအစဉ်ကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း ဆိုသည်။

    ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်ရာမို၊ မယ်လအူး၊ ဘမ့်ဒုံယမ်း၊ ထမ့်မဟင်နှင့် အမှတ် (၁)၊ (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် မြန်မာဒုက္ခသည်စခန်းပေါင်း ၉ ခုဖွင့်လှစ်ထားပြီး လက်ရှိအထိ လူဦးရေမြန်မာဒုက္ခသည်တစ်သိန်းကျော် ခိုလှုံနေကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လတွင် အမေရိကန်အဖွဲ့အစည်းများက ပေးအပ်နေသည့် အထောက်အပံ့များကို  သမ္မတဒေါ်နယ်ဒ်ထရမ့်က ဖြတ်တောက်လိုက်ခြင်းကြောင့် မှီခိုနေရသည့် မြန်မာဒုက္ခသည်စခန်း ၉ ခုအနက် ၇ ခုတွင် ကျန်းမာရေးဝန်ဆောင်မှုများ ရပ်တန့်သွားခဲ့ရသည်။

    ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၄ သန်းကျော်အနက် ၄၂.၁% သာ လူမှုဖူလုံရေးအစီအစဉ်တွင် ပါဝင်နေပြီး၊ ၂၂.၆% ခန့်မှာ မည်သည့် ကျန်းမာရေးအစီအစဉ်မှ အကျိုးခံစားခွင့် မရရှိသေးကြောင်းလည်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks