spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် အနုတင်ချန်ဗီရာကူလ်  ရွေးချယ်ခံရ

    ထိုင်းနိုင်ငံ ဝန်ကြီးချုပ်သစ်အဖြစ် အနုတင်ချန်ဗီရာကူလ်  ရွေးချယ်ခံရ

    -

    ထိုင်းနိုင်ငံတွင် ယနေ့ စက်တင်ဘာ ၅ ရက်နေ့တွင် ကျင်းပသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲတွင် ဖွမ်ဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင်ချန်ဗီရာကူလ်ကို ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် မဲ့အများဆုံးနှင့် ရွေးချယ်တင်မြှောက်ခဲ့ရသည်ဟု ထိုင်းသတင်းများမှ ဖော်ပြသည်။

    ကျန်းမာရေးဝန်ကြီးဟောင်းနှင့် ဖွမ်ဂျိုင်ထိုင်းပါတီ ခေါင်းဆောင်အဖြစ် လူသိများသည့် အနုတင်သည် ထိုင်းနိုင်ငံ၏ ၃၂ မြောက် ဝန်ကြီးချုပ် အဖြစ် တင်မြောက်ခံရခြင်းဖြစ်ပြီး၊ အဆိုပါ မဲပေးပွဲတွင် ပြည်သူ့ပါတီ၏ ပူးပေါင်းထောက်ခံမှုဖြင့် လိုအပ်သည့် မဲအရေအတွက်ကို မဲပေးမှုမပြီးဆုံးမီပင် သတ်မှတ်မဲအရေအတွက်ကို ကျော်လွန်ရရှိခဲ့သည်။

    အနုတင်သည် ယခင် အစိုးရလက်ထက်တွင် ကျန်းမာရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ COVID-19 ကာလအတွင်း အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်ခဲ့သူဖြစ်သည်။

    ထို့အပြင် အနုတင်သည် ဆေးခြောက် (Cannabis) တရားဝင်အသုံးပြုခွင့် ကို ထောက်ခံသူအဖြစ် လူသိများပြီး၊ ဖွမ်ဂျိုင်ထိုင်းပါတီသည် စိုက်ပျိုးရေး၊ ကျေးရွာဖွံ့ဖြိုးရေးနှင့် လူထုကျန်းမာရေးအရ မူဝါဒများကို ဦးတည်ဆောင်ရွက်နေသူဖြစ်သည်ဟု သိရသည်။

    ဝန်ကြီးချုပ်ရာထူးနှင့် အစိုးရသစ်မဖွဲ့မီ ဘုရင်မင်းမြတ်ထံ အတည်ပြုလွှာကို စောင့်ဆိုင်းရမည်ဖြစ်သည်။ အစိုးရသစ်ဖွဲ့စည်းပြီးပါက ရွေးကောက်ပွဲပြန်လည်ကျင်းပရန် အချိန်ကာလကို ထပ်မံအတည်ပြုမည်ဖြစ်ကြောင်း ထိုင်းသတင်းမှ ဖော်ပြသည်။

    ယခု နိုင်ငံ့ခေါင်းဆောင် ရွေးချယ်ပွဲမှတစ်ဆင့် ရက်ပေါင်းများစွာကြာနေသည့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုကို အဆုံးသတ်နိုင်မည်ဟုလည်း ထိုင်းပြည်သူလူထုများက မျှော်လင့်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks