spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းတင်းကြပ်သည့်စောင့်ကြည့်ရေးမူဝါဒများကြားမှ တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားများ နေ့စဉ်ဝင်ရောက်၍ ဖမ်းဆီးခံနေရ

    တင်းကြပ်သည့်စောင့်ကြည့်ရေးမူဝါဒများကြားမှ တရားမဝင်ရွှေ့ပြောင်းမြန်မာလုပ်သားများ နေ့စဉ်ဝင်ရောက်၍ ဖမ်းဆီးခံနေရ

    -

    ထိုင်းအစိုးရ၏ နယ်စပ်တစ်လျှောက် တင်းကြပ်သည့်စောင့်ကြည့်ရေးမူဝါဒများအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကြားက မြန်မာနိုင်ငံမှ ရွေ့ပြောင်းလုပ်သားများ တရားမဝင်ဝင်ရောက်နေဆဲဖြစ်သည့်အပြင်  နေ့စဉ်အစုလိုက်ဖမ်းဆီးခံနေရကြောင်း နယ်စပ်သတင်းရင်းမြစ်များအရ သိရသည်။

    တရားမဝင် အထောက်အထားမဲ့အလုပ်သမားများအပေါ် ဖမ်းဆီးအရေးယူမှုကိုလည်း တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဖမ်းဆီးရမိသူများကို ၎င်းတို့၏ မွေးရပ်နိုင်ငံများသို့ ပြန်ပို့သွားမည်ဟု အလုပ်သမားဝန်ကြီး ဖွန်ကဝင် ဂျွမ်ရုန်ဂရုန်ကစ် (Pongkawin Jungrungruangkit)က ပြီးခဲ့သည့် ဩဂုတ် (၂၈) ရက်တွင် ပြောဆိုထားခဲ့သည်။

    သို့သော် မြန်မာနိုင်ငံသားများသည် တရားမဝင်သည့် နည်းအမျိုးမျိုးဖြင့် နေ့စဉ်ဝင်ရောက်လာနေဆဲဖြစ်ပြီး သတင်းအချက်အလက်များအရ ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နေ့မှစ၍ ယနေ့နေ့လည်ပိုင်းအထိ တာခ့်ခရိုင်နှင့် ကန်ချနပူရီခရိုင်တွင် အထောက်အထားမဲ့မြန်မာနိုင်ငံသား စုစုပေါင်း ၃၀၀ နီးပါးအထိ ဖမ်းဆီးခံထားရကြောင်းသိရသည်။

    တရားမဝင်ဝင်ရောက်လာသူများ ဆက်တိုက်ဖမ်းဆီးခံရသော်လည်း မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းဥပဒေကို ထိန့်လန့်နေသည့်လူငယ်များနှင့် အလုပ်အကိုင်လိုအပ်သူများ ထိုင်းနိုင်ငံသို့ ဆက်တိုက်ဝင်ရောက်လာနေခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

    “အဓိကကတော့ နှစ်ချက်ရှိတယ်ပေါ့နော်။ တစ်ချက်က ဒို့နိုင်ငံမှာ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းခိုင်းတယ်။ စစ်မှုမထမ်းဘူးဆိုရင် ပေါတာဆွဲမယ်။ ဒါကြောင့် လူငယ်တွေက ဒီကနေ လွတ်လမ်းရှာလာကြတယ်။ နောက်တစ်ချက်က တို့နိုင်ငံမှာ ခရိုနီတွေက သူဌေးကြီးဖြစ်သွားတယ်။ လူလတ်တန်းစားတွေက တစ်နေ့လုပ်မှ တစ်နေ့စားနေရတယ်။ ဒါကြောင့် သူတို့က အဲဒီကနေ လွတ်မြောက်ဖို့ပဲ ထိုင်းဘက်ကို တစ်စုပြီးတစ်စုဝင်နေကြတယ်”ဟု ပြောသည်။

    ယခုရက်ပိုင်းအတွင်း ရွေ့ပြောင်းလုပ်သားများနှင့်အတူ ကူညီပို့ဆောင်ပေးနေသည့် ပွဲစားနှင့် ယဉ်များကိုလည်းဖမ်းဆီးရမိထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် သက်ဆိုင်ရာ ရဲစခန်းသို့ပို့ဆောင်ခံထားရကြောင်းလည်း သိရသည်။

     ဖမ်းဆီးခံရသူများကို ထိုင်းအဏာပိုင်များက စုံစမ်းစစ်ဆေးရာတွင် ပွဲစားများနှင့် ချိတ်ဆက်ကာ ဘတ် ၁၅,၀၀၀ မှ ၃၀,၀၀၀ အထိ ပေးဆောင်၍ နယ်စပ်များမှတဆင့် တရားမဝင် ဝင်ရောက်လာကြောင်း သိရသည်။

    “ခုက ကန်ချနဘူရီ၊ တာခ့်ခရိုင်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွေမှာ ဖမ်းခံရသူတွေများတယ်။ အများစုက တောတောင်လမ်းကနေ လမ်းလျှောက်ဝင်သွားကြတဲ့သူတွေဖြစ်တယ်။ ဘာလို့ဆို အဲဒီလိုဝင်တော့ ကုန်ကျသက်သာတယ်။ ပွဲစားခလဲ သက်သာတယ်။ ရှယ်ဝင်မယ်ဆိုင်ရင် ဘတ်ငွေသောင်းချီကုန်တယ်။ မပေးနိုင်တဲ့သူတွေက လမ်းလျှောက်ရမှာပဲ။ အဲဒီတော့ ထိုင်းကခဏခဏဖမ်းရမိတယ်” ဟု ဘုရားနယ်ဆူနယ်စပ်ဒေသခံတစ်ဦးက ဆိုသည်။

    လက်ရှိမြန်မာနိုင်ငံတွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးကျဆင်းမှုများကြောင့် အလုပ်အကိုင်အခွင့်အလမ်းမရှိသဖြင့်သလို လုံခြုံမှုလည်းမရှိသောကြောင့် အများစုသည် အန္တရာယ်ရှိသည့် နယ်စပ်လမ်းကြောင်းများမှတဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်နေကြဆဲဖြစ်သည်။

    ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံဆူမြို့ရှိ ပွဲစားနေအိမ်များတွင် အသက် ၂၀ မှ ၃၅ ကြားအသက်အရွယ်ရှိလူငယ်များ ထိုင်းနိုင်ငံဘက်သို့ တရားမဝင်နည်းဖြင့် ဝင်ရောက်ရန် ရောက်ရှိလာသူများ နေ့စဉ် ရာနှင့်ချီရှိနေသည်ဟု ဘုရားသုံးဆူမြို့ခံက ပြောသည်။

    ထိုင်းသတင်းများတွင် ဖော်ပြချက်အရ သြဂုတ်လတစ်လအတွင်း နယ်စပ်မှတရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၉၀၀ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရကြောင်းလည်း ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks