spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းတော်လှန်စစ်သည်များနှင့် မွန်စစ်ဘေးရှောင်ပြည်သူများအတွက် ဂျပန်ရောက်မွန်လူငယ်များ ရန်ပုံငွေရှာပွဲပြုလုပ်

    တော်လှန်စစ်သည်များနှင့် မွန်စစ်ဘေးရှောင်ပြည်သူများအတွက် ဂျပန်ရောက်မွန်လူငယ်များ ရန်ပုံငွေရှာပွဲပြုလုပ်

    -

    ရာမညဒေသအတွင်း တိုက်ပွဲဝင်နေသည့် တော်လှန်စစ်သည်များနှင့် မွန်စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံ့ရန် ဂျပန်နိုင်ငံရောက် မွန်လူငယ်အဖွဲ့များဖြစ်သည့် မွန်ပုညကာရီ(PMNS-Japan) အဖွဲ့နှင့် Mon Family FC Japan အဖွဲ့တို့မှ ကြီးမှုး၍ ရန်ပုံငွေရှာပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

    ရန်ပုံငွေအတွက် မွန်ပုညကာရီ(PMNS-Japan) အဖွဲ့နှင့် Mon Family FC Japan အဖွဲ့မှ ဂျပန်နိုင်ငံ၊ Misato မြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့ မနက် ၈ နာရီမှ ညနေ ၉ နာရီအထိ ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။

    ပြိုင်ပွဲအသင်း ၅၂ သင်းအထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရောက် မွန်လူမျိုးများအပြင် အခြားတိုင်းရင်းသားလူမျိုးများဖြစ်သည့်  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စသည့်တို့လည်း ဝန်းရံပါဝင်ခဲ့ကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ကျနော်တို့က ခဏခဏလုပ်ဖြစ်တယ်၊ ဒီလိုရန်ပုံငွေတွေရှာဖို့ အစီစဉ်အမျိုးမျိုးတွေပေါ့။ ကျနော်တို့ တို့လုပ်သလိုမျိုး၊ ပြည်ပရောက်နေတဲ့ မွန်လူမျိုးတွေအားလုံး ဘယ်နိုင်ငံဖြစ်ဖြစ် ဒီလိုရန်ပုံငွေရှာပြီး ကိုယ့်မွန်လူမျိုးတွေဖြစ်တဲ့ တော်လှန်နေကြတဲ့သူတွေ၊ စစ်ရှောင်နေရတဲ့သူတွေကို ထောက်ပံ့စေချင်တယ်” ဟု  ပြောသည်။

    လာရောက်ဝန်းရံသူများကိုလည်း မွန်ရိုးရာအစားစားများဖြစ်သည့် သင်္ကြန်ထမင်း၊ ဝက်သားမရမ်းပြားမွန်ချက်၊ ကြက်စပါလင်ကြော်၊ အချိုရည်အမျိုးမျိုးနှင့် သီးစုံသုပ်တို့ကိုလည်း ရောင်းချခဲ့ကြသည်။

    အဆိုပါ ရန်ပုံငွေရှာပွဲမှ ဂျပန်ယန်းငွေ ၁၆၀ သောင်းအထိ ရရှိခဲ့ကြောင်း၊ ငွေစာရင်းရှင်းတမ်း ပြုလုပ်ပြီးပါက တော်လှန်စစ်သည်များနှင့် စစ်ဘေးရှောင်ပြည်သူများသို့ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း အဖွဲ့တာဝန်ရှိသူများမှ ဆိုသည်။

    ယနေ့တော်လှန်ရေးကာလအတွင်း အသက်သွေးရင်းပြီး တိုက်ပွဲဝင်နေသည့် မွန်သူရဲကောင်များနှင့် စစ်ဘေးရှောင် ပြည်သူများကို မမေ့မလျော့ဘဲ အခြားပြည်ပရောက်မွန်လူမျိုးများအနေဖြင့်လည်း ကူညီထောက်ပံ့မှုလုပ်ဆောင်သင့်ကြောင်း ဂျပန်ရောက်မွန်လူငယ်တစ်ဦးက တိုက်တွန်းပြောဆိုသည်။

    မွန်ဒေသအတွင်း ပညာရေး၊ လူမှုရေးအပြင် သဘာဝဘေးနှင့် စစ်ဘေးကြောင့် အကူအညီလိုအပ်နေသည့် မွန်ဒေသခံများ၊ စစ်ကော်မရှင်ကို တော်လှန်နေသည့် တိုက်ပွဲဝင်တော်လှန်စစ်သည်များကို ကူညီထောက်ပံ့နိုင်ရန်အတွက် မွန်ပုညကာရီ(PMNS-Japan)အဖွဲ့နှင့်နည်းတူး အခြားဂျပါန်ရောက်မွန်လူငယ်အဖွဲ့များက ရန်ပုံငွေရှာပွဲများ မကြာခဏ လုပ်ဆောင်လေ့ရှိသည်။

     ဓာတ်ပုံ- မွန်ပုညကာရီအဖွဲ့

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks