spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းထားဝယ်မြို့က တက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးကို KNLA  ဖမ်းဆီး

    ထားဝယ်မြို့က တက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးကို KNLA  ဖမ်းဆီး

    -

    ‎မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်တွင် ထားဝယ်မြို့မှ တက်လာသော စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၄ ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဖမ်းဆီးရမိသည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

    ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်း ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က ထားဝယ်မြို့မှ တက်လာသော ခလရ-၂၈၂ စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၄ ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၄)၊ တပ်ရင်း(၁၂)၊ တပ်ခွဲ(၄) မှ ဝကုန်းကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    စစ်ကော်မရှင် တပ်ဖွဲ့ ၄ ဦးထံမှ MA1-(၄) လက်၊ ကျည်ဆံ- (၁၀၃၀) တောင့်၊ ကျည်‌ဘောင် (၁၆) ခုကိုလည်း  သိမ်းဆည်းရမိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    ဖမ်းဆီးရမိသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၄ ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၏ စစ်သုံ့ပန်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟုလည်း ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks