spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနအောက် စာသင်ကျောင်းကို စစ်ကော်မရှင် ဒရုန်းဖြင့် တိုက်ခိုက်

    ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနအောက် စာသင်ကျောင်းကို စစ်ကော်မရှင် ဒရုန်းဖြင့် တိုက်ခိုက်

    -

    ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ဖားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ်အတွင်းရှိ ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) လက်အောက်ရှိ နောင်တခီးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းကို စစ်ကော်မရှင်က စက်တင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ကာမီကာဇယ်ဒရုန်း အသုံးပြု တိုက်ခိုက်ခဲ့သည်။

    ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ကလေးသူငယ်များ ကျောင်းတက်သည့်အချိန်တွင် စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ကာမီကာဇယ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

    နော်တခီး ကျေးရွာ စာသင်ကျောင်း ကာမီကာဇယ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရခြင်းကြောင့် ဆရာမ (၁) ဦး၊ ဆရာ (၁) ဦးနှင့် ကျောင်သားငယ် (၁) တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    ၎င်းပြင် စာသင်ကျောင်းရုံးခန်းလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks