spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းထားဝယ်ခရိုင်အတွင်း စစ်ကော်မရှင်မှ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်တိုက်ခိုက်

    ထားဝယ်ခရိုင်အတွင်း စစ်ကော်မရှင်မှ အင်အားထောင်ချီဖြင့် ထိုးစစ်ဆင်တိုက်ခိုက်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်း စစ်ကော်မရှင်မှ ယခုရက်ပိုင်အတွင်း စစ်အင်အား ၁၀၀၀ ကျော်အထိ ဖြည့်တင်းကာ ထိုးစစ်ဆင် တိုက်ခိုက်မှုပြုလုပ်လျှက်ရှိကြောင်း တော်လှန်ရေးသတင်းအရင်းမြစ်များထံမှ သိရသည်။

    သြဂုတ်လ တတိယအပတ်မှစ၍ နှစ်ပတ်ခန့်ကြာ စစ်ရေးတင်းမာနေသည့် ရေး- ထားဝယ်လမ်းပိုင်း မလွှဲတောင်နှင့် ကလိန်အောင်အကြားတွင် စစ်ကော်မရှင်မှ အင်အား ၃၀၀ နီးပါးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျှက် ရှိသည်။

    အလားတူ ကံပေါက်-ကလိန်အောင်လမ်းပိုင်းတွင်လည်း အင်အား ၄၀၀ ဝန်းကျင်၊ နဘုလယ်ဒေသ ထားဝယ်ရေနက်ဆိပ်ကမ်း မောင်းမကန်ကမ်းခြေလမ်းပိုင်းတွင် အင်အား ၄၀၀ ဝန်းကျင်၊ ထားဝယ်-ထီးခီးလမ်းပိုင်း၌ အင်အား ၃၀၀ ဝန်းကျင်နှင့် ထားဝယ်- သရက်ချောင်းလမ်းပိုင်းတွင်အင်အား ၂၀၀ ခန့်ရှိကြောင်း သိရသည်။

    အဆိုပါစစ်ကော်မရှင် အင်အားထောင်ချီတို့သည် နတ်အိမ်တောင်စခန်း မကျစေရေးအတွက်  စစ်ကူဖြည့်ရန်ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များနှင့် ထိပ်တိုက်တွေ့နေသဖြင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီး နတ်အိမ်တောင်စခန်းသို့ စစ်ကူအင်အား မရောက်ရှိနိုင်ကြောင်းလည်း ထားဝယ်ဒေသမှ သတင်းအရင်းမြစ်တစ်ဦးက ပြောသည်။

    “ နယ်စပ်တစ်လျှောက်မှာ နတ်အိမ်တောင်စခန်းပဲကျန်တယ်။ အဲ့စခန်းက သဘာဝပိုက်လိုင်ဓာတ်ငွေ့ကို တွယ်တန်းထားတဲ့ border line ဖြစ်တယ်။ ပိုက်လိုင်း တွေ အများစုကလည်း တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတယ် အဲ့တော့ စခန်းကိုမကျအောင် စစ်ကောင်စီက နယ်စပ်တက်တဲ့လမ်းတစ်လျှောက်ကို စစ်ကူပို့တယ် ပို့တဲ့အချိန်မှာ တလရ ဘက်ကနေ ပြင်းပြင်းထန်ထန်ခုခံနေကြတော့ လွယ်လွယ်နဲ့စစ်ကူကမရောက်နိုင်ဘူး”ဟု ဆိုသည်။

    တိုက်ခိုက်ခံရမှုများအပြီး အဆိုပါစစ်ကော်မရှင်စစ်ကြောင်းများသည် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးအတိုင်း ပြန်လည်ဆုတ်ခွာသွားခြင်းရှိသလို စစ်ကြောင်းပြန်ထိုးရန် ပြင်ဆင်မှုများရှိနေကြောင်းလည်း သိရသည်။

    ထားဝယ်ခရိုင်အတွင်း စစ်ကော်မရှင်မှအပြည့်အဝထိန်းချုပ်နိုင်သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်မရှိတော့ကြောင်း၊ ရနောင်း-ကော့သောင်းလမ်းပိုင်းကုန်သွယ်ခွင့်ရရေးနှင့် တော်လှန်ရေးတပ်ဖွဲ့မှထိန်းချုပ်ထားသည့် ထီးခီး နယ်စပ်ကိုပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည်ဟုလည်း ထားဝယ်ခရိုင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    “ စကမ အနေနဲ့လွတ်လွတ်လပ်လပ် ကုန်သွယ်လို့ရတာမရှိတော့ဘူး ထီးခီးလည်း လုံးဝကုန်သွယ်လို့ မရတော့ဘူး၊ မော်တောင်လည်း မရဘူးအဲ့လမ်းပိုင်းတွေမှာတိုက်ပွဲဖြစ်နေတယ် တလရတွေ ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ အခြေအနေရှိတယ် ကော့သောင်း- ရနောင်းလမ်းတစ်ခုပဲ ရှိတော့တယ် G to G လုပ်ထားတဲ့နယ်စပ်ထွက်ပေါက်တွေ ကို ပြန်ယူဖို့အတွက်အခုကာလမှာ အပြင်းအထန်ထိုးစစ်ဆင်နေတယ်” ပြောသည်။

    တစ်ဖက်တွင်လည်း ရွေးကောက်ပွဲပထမအပိုင်းကို ထားဝယ်မြို့နယ်အတွင်း၌ လုပ်ဆောင်မည်ဟုဆိုထားသဖြင့် နယ်မြေစိုးမိုးနိုင်ပြီးဖြစ်ကြောင်း ဝါဒဖြန့်လိုသည့်အချက်ဖြင့် အပြင်းအထန်ကြိုးပမ်းလာသည်ဟုလည်း ၎င်းကဆက်ပြောသည်။

    အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကလိန်အောင်- မလွှဲတောင်လမ်းပိုင်းကို ပြန်လည် စိုးမိုးနိုင်ရေးနှင့် ဒေသတွင်းရှိစစ်ကော်မရှင်၏ စီးပွားရေးလုပ်ငန်းများကို ကာကွယ်နိုင်ရေးအတွက် တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်းလည်း သုံးသပ်ကြသည်။

    ထားဝယ်ခရိုင်အတွင်း ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဒေသများရှိ ထီးခီး၊ ထီးထ စသည့်ဗျူဟာစခန်းများနှင့် ဗောဓိတပ်စခန်း၊ ငါးရံ့နီစခန်း၊ သုခစခန်း စသည့်စစ်ကော်မရှင်၏ နယ်စပ်စခန်းများအား KNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက ၂၀၂၅ အစောပိုင်းကပင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး နတ်အိမ်တောင်စခန်းသည် နောကဆုံးလက်ကျန်နယ်စပ်ခန်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks