spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးကတိကဝတ်များကို KNU မှ မယိမ်းယိုင်သော တာဝန်များဖြင့် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ထပ်လောင်းကြေညာ

    လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ကျား/မ ခွဲခြားဆက်ဆံမှု ပပျောက်ရေးကတိကဝတ်များကို KNU မှ မယိမ်းယိုင်သော တာဝန်များဖြင့် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ထပ်လောင်းကြေညာ

    -

    လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားမြစ်ပိတ်ပင်ရေးနှင့် ကျား/မ ခွဲခြားဆက်ဆံခံရမှု ပပျောက်ရေး ကတိကဝတ်များကို  ကရင်အမျိုးသားအစည်းအရုံး KNU မှ  ၎င်းတို့၏ နိုင်ငံရေးနှင့် စစ်ရေးဖွဲ့စည်းပုံအားလုံးတွင် မယိမ်းယိုင်သော တာဝန်ခံမှုများဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ယမန်နေ့စက်တင်ဘာ ၁ ရက်နေ့က အတည်ပြုစာများ ထုတ်ပြန်ထားသည်။

    ကေအန်ယူ- ကရင်အမျိုးသားအစည်းအရုံးမှ မိမိတို့၏ လုပ်ပိုင်ခွင့်အာဏာသက်ရေက်သည့် နယ်မြေအားလုံးတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအား အကြွင်းမဲ့တားမြစ်ပိတ်ပင်ပြီး၊ ကျား/မ ခွဲခြားမှု ပပျောက်စေရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်သည်။

    ကရင်ပြည်သူလူထု အမျိုးသား၊ အမျိုးသမီးတိုင်း တန်းတူညီမျှစွာ ရှင်သန်နေထိုင်နိုင်ပြီး အကြမ်းဖက်မှုကြောင့် အသံတိတ် နှုတ်ဆိတ် ထိခိုက်နာကျင်ခံစားရသူတစ်ဦးတစ်ယောက်မျှပင်မရှိသော လူ့အဖွဲ့အစည်းတစ်ရပ် ပုံဖော်တည်ဆောက်သွားမည်ဖြစ်သဖြင့် ပြည်သူလူထုများနှင့်အတူ အားလုံးပူးပေါင်းပါဝင်ရန် KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဆိုသည်။

    "ကျားမခွဲခြားတဲ့အပိုင်းမှာရော၊ အထူးသဖြင့် အမျိုးသမီးဦးဆောင်မှုအပိုင်းမှာရော ကျနော်တို့အကုန်လုံးမှာ တာဝန်ရှိတယ် လုပ်လည်းလုပ်နေပါတယ်၊ ဆိုတော့ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေရော အုပ်ချုပ်ရေးလုပ်ငန်းမှာ ပါဝင်ပတ်သတ်တဲ့သူတွေအားလုံး အကြီးဆုံးကနေ အငယ်ဆုံးအထိ ဒါတွေသိထားသင့်တယ်၊ ပူးပေါင်းပါဝင်ရမယ်၊ အဲကြောင့်လည်း ထပ်မံထုတ်ပြန်ကြေညာတာဖြစ်ပါတယ် "ဟု သူကဆိုသည်။

    ၎င်းအပြင် အမျိုးသမီးဦးဆောင်မှုအပိုင်းနှင့်ပတ်သတ်၍ ဂျန်ဒါပေါ်လစီတစ်ခုကို KNU မှ ရေးဆွဲအကောင်ထည်ဖော်နေကြောင်းလည်း ဆိုသည်။

    ကရင်အမျိုးသားအစည်းအရုံး KNU မှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ရေး၊ ကျားမ ခွဲခြားဆက်ဆံမှုပပျောက်ရေးနှင့် ပတ်သတ်သည့် ကတိကဝတ်ပြုလွှာကို ဂျီနီဗာခေါအဖွဲ့အစည်းနှင့် ၂၀၁၃ ခုနှစ် ဇူလိုင်လက တရားဝင်လက်မှတ်ရေးထိုးခဲ့ပြီး ကျားမခွဲခြားဆက်ဆံမှု ပြဿနာပပျောက်ရေးအတွက် မဆုတ်မနစ် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကရင်ပြည်သူလူထုများကို အသိပေးအပ်ထားပြီးဖြစ်သည်။

    ကတိကဝတ်ပြုလွှာတွင် ပါရှိသောပြဌာန်းချက်များကို ကရင်ပြည်သူလူထုများတင်မကဘဲ သက်ဆိုင်ရာ KNU ခေါင်းဆောင်ပိုင်းနှင့် ရဲဘော်၊ရဲဘက်များထံသို့လည်း ထုတ်ပြန်ထားပြီး မိမိတို့၏ လုပ်ငန်းခွင်နယ်ပယ်အတွင်း လေးစားလိုက်နာရန်နှင့် ချိုုးဖောက်မှုရှိပါက လက်သင့်ခံမည်မဟုတ်ကြောင်းနှင့် နိုင်ငံတကာစံနှုန်းအတိုင်း အရေးယူမှု ခံယူရမည်ဟုလည်း ထပ်မံ အသိပေးညွှန်ကြားထားသည်။

    "သဘောတူညီချက်ဆိုတာတွေက အဲလိုမျိုးပဲလက်မှတ်ရေးထိုးတယ် ဝန်ခံတယ်ဆိုပြီး စာရွက်ပေါ်မှာရေးပြီး လေမှပျောက်သွားတာမျိုးမဟုတ်ဘဲ၊ အဓိက ကျဆုံးအချက်က သဘောတူထားတဲ့ဟာကို ကိုယ်ကိုယ်တိုင်က လိုက်နာပြီး ထပ်မံပြုလုပ်ရမဲ့ဟာပဲဖြစ်ပါတယ်၊ အဲဒါလည်းအခုမှမဟုတ်ဘူး လွန်ခဲ့တဲ့ ၁၂ ကတည်းက ကျား/မ ခွဲခြားဆက်ဆံမှုပတ်သတ်တဲ့ဟာတွေကို ကျနော်တို့ဝန်ခံကတိပြုထားတဲ့အတိုင်း လုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာကို ပြောတာပဲဖြစ်ပါတယ်"ဟု ပဒိုစောတောနီးက ဆိုသည်။

    ယမန်နေ့က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ပိတ်ပင်ခြင်းနှင့် ကျား/မ ခွဲခြားဆက်ဆံမှုဆိုင်ရာ ကတိကဝတ်များ အတည်ပြုခြင်းနှင့် ကောင်အထည်ဖော်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ထိုင်း-ကော်သူးလေ နယ်စပ် တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သေးသည်။

    တိုက်ပွဲပဋိပက္ခကာလဖြစ်သော်လည်း ကောင်းမွန်သည့်လူမှုအသိုက်အဝန်းတစ်ခု ဖြစ်ပေါ်ရန် KNU မှ ကျား/မတန်းတူအခွင့်အရေးဆိုင်ရာများကို မလျော့ရဲသော တာဝန်များဖြင့် ဆက်လက်ကြိုးပမ်းနေကြောင်းလည်း ဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks