spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းကျိုက်ဒေတမော့ဗရတ် သာသနာပြုကိုရင်လေးကျောင်းတွင် အစဉ်အလာမပြတ် ဆွမ်းတော်ကြီးတင်ပွဲ ကျင်းပပြုလုပ်

    ကျိုက်ဒေတမော့ဗရတ် သာသနာပြုကိုရင်လေးကျောင်းတွင် အစဉ်အလာမပြတ် ဆွမ်းတော်ကြီးတင်ပွဲ ကျင်းပပြုလုပ်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျိုက်ဒေတမော့ဗရတ် သာသနာပြုကိုရင်လေးကျောင်း၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆွမ်းတော်ကြီးတင်ပွဲကို ယနေ့ တော်သလင်းလဆန်း ( ၁၀ )ရက်နေ့၊ စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အစဉ်အလာမပြတ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် ဆွမ်းတော်ကြီးတင်ပွဲအတွင်း ကျိုက်ဒေတမော့ဗရတ်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တွင် ဒေသခံများထောင်နှင့်ချီ လာရောက်၍ ကုသိုလ်ယူပါဝင်ခဲ့ကြောင်း သိရသည်။

    ကျိုက်ဒေတမော့ဗရတ်ကျောင်းဝင်းအတွင်းရှိ ဝေဇယန္တာဆံတော်ရှင်စေတီတော်မြတ်ကြီးအား  အုန်မြစ်ချစတင်တည်ထားခဲ့သည့်  ကောဇာသက္ကရာဇ် ၁၃၅၆ ခုနှစ်နှင့် ၅၇ ခုနှစ်ကြား တော်သလင်းလဆန်း ( ၁၀ ) ရက်နေ့၊ ခရစ်နှစ် ၁၉၉၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ကိုအစွဲပြု၍ ဆွမ်းတော်တင်ကပ်လှူပူဇော်ပွဲကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင်  (၃၁) ကြိမ်မြောက် ပြည့်ခဲ့ပြီးဖြစ်သည်။

    ဆွမ်းတော်ကြီးတင်ပွဲကို နှစ်စဉ် ကိုရင်လေးဆရာတော်ဘုရားကြီးနှင့် တပည့်ဒါယိကာ၊ ဒါယိကာမအပေါင်းတို့က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရေးမြို့နယ်အတွင်းရှိ လမိုင်း၊ မော့ကနင်၊ သောင်ပြင်၊ တောင်ဘုံ၊ အဘော်၊ ဒူးယား၊ အံဒင်၊ ဟံဂံ၊ ခေါဇာ စသည့်ကျေးရွာများမှ မွန်ဒေခံ ထောင်နှင့်ချီ လာရောက်ပါဝင်လေ့ရှိသည်။

    ရာသီမိုးသည်းထန်ရွာသွန်းသည့် ကာလဖြစ်သော်လည်း ဆွမ်းတော်တင်ပွဲပြုလုပ်သည့် နံနက်ပိုင်းတွင် မိုးမမိဘဲ ဒေသခံပြည်သူများ ရင်ပြင်အပြည့် လာရောက်ကုသိုလ်ယူနိုင်ခြင်းသည် ဆွမ်းတော်တင်ပွဲ၏ ထူးခြားချက်တစ်ခုဖြစ်သည်ဟုလည်း ဒေသခံများက ပြောစမှတ်ပြုလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks