spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကာလအတွင်း ရေဖြူမြို့နယ် ကျေးရွာ ၁၀ ရွာမှ  ထွက်ပြေးတိမ်းရှောင်လာသူဦးရေ ၅၀၀၀ နီးပါးအထိရှိနေ

    တိုက်ပွဲကာလအတွင်း ရေဖြူမြို့နယ် ကျေးရွာ ၁၀ ရွာမှ  ထွက်ပြေးတိမ်းရှောင်လာသူဦးရေ ၅၀၀၀ နီးပါးအထိရှိနေ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ မရမ်းချောင်းကျေးရွာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးမဟာမိတ်ပူပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည့်ကာလအတွင်း  ကျေးရွာ ၁၀ ရွာမှ  ထွက်ပြေးတိမ်းရှောင်နေရသည့် လူဦးရေ ၅၀၀၀ နီးပါးခန့်ရှိနေသည်ဟု စစ်ဘေးရှောင်နေသူများ၏ ပြောပြချက်အရ သိရသည်။

    ကလိန်အောင်နှင့် မလွှဲတောင်ကြားက အမှတ် ၈ ပြည်ထောင်စုလမ်းပိုင်းရှိ နေရာအများအပြားကို စစ်ကော်မရှင်တပ်က သြဂုတ် တတိယအပတ်မှစ၍ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုအပါအဝင် ကြည်တပ်အင်အားတို့ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။

    အဆိုပါ အခြေအနေများကြောင့် မရမ်းချောင်း၊ မိုင် ၆၀၊ သာယာမွန်၊ ရာဖူးရွာ၊ ဘုရာသုံးဆူ၊ ကော့လှိုင်၊ ကျွဲတလင်း၊ လော့သိုင်း၊ ကျောက်ကဒင်နှင့် အလယ်စခန်းကျေးရွာများရှိ ဒေသခံများအားလုံးနီးပါး တိမ်းရှောင်နေကြရပြီး အရေအတွက်အားဖြင့် ၅၀၀၀ နီးပါးခန့် ရှိနေသည်ဟု ဆိုသည်။

    “ရွာလုံးကျွတ် ရှောင်နေရတာ ၅ ထက်မနည်းပဲ ရွာကဒေသခံတွေ လုံးဝမရှိသလောက်ဖြစ်သွားတယ်။တချို့လုံးဝမသွားလာနိုင်တဲ့ သူတွေကပဲ အနည်းကျဉ်းရှိတယ်။ ရာဖူးမှာဆို မိသားစု ၅ စုလောက်ကျန်နေတာရှိတယ်။ သာယာမွန်မှာဆိုရင် လုံးဝမရှိသလောက်ပဲ။ လော့သိုင်းကနေ အလယ်စခန်းရွာအထိက ဒေသခံတွေက ပြောင်းနေကြပြီး” ဟု ရေဖြူမြို့နယ်ရှိ စစ်ဘေးရှောင်ဒေသခံတစ်ဦးက ပြောသည်။

    ထွက်ပြေးတိမ်းရှောင်လာသည့် ရေဖြူဒေသခံ စစ်ဘေးရှောင်အများစုသည် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ရေးမြို့ပေါ်နှင့် မော်လမြိုင်မြို့ပေါ်အထိ ခိုလှုံနေကြပြီး၊ အနည်းစုတို့က ထားဝယ်မြို့နယ်ဘက်သို့ ရောက်ရှိသွားသည်ဟု သိရသည်။

     စစ်ကော်မရှင်တပ်ဖွဲ့တို့ ယခုရက်ပိုင်းအတွင်း မရမ်းချောင်း၊ မိုင် ၆၀နှင့် သာယာမွန်ကျေးရွာအထိ ထိန်းချုပ်ထားပြီး၊ ရာဖူးကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးနိုင်ရန်အတွက် ပြင်ဆင်မှုများနှင့် စစ်အင်အားဖြည့်တင်းမှုများပြုလုပ်နေသဖြင့် တိုက်ပွဲကာလကြာမြင့်မည်ဟုလည်း  ဒေသခံတစ်ဦးက ပြောသည်။

    “စစ်တပ်က သာယာမွန်ရွာတစ်ရွာလုံးကိုထိန်းချုပ်ထားတယ်။ အခုသာယာမွန်ကို ကျော်နေပြီးနော် ရာဖူးရွာကို ဝင်ဖို့လုပ်နေတယ်။ တိုက်ပွဲက လွယ်လွယ်နဲ့ပြီးမှာ မဟုတ်ဘူး။ တိုက်ပွဲက ထက်ပြင်းထန်မယ်ဆိုတော့ ဒေသခံတွေအကုန်ပြောင်းဖို့လုပ်ထားတယ်။ ဒါပေမဲ့ ရက်ကြာမယ် မိုးလည်းကြီးနေတယ်ဆိုရင်တော့ အခက်ခဲတွေအများကြီးဖြစ်လာမယ်” ဟု ရေဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    မြို့ပေါ်နှင့် ကျေးရွာအတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ ရောက်ရှိနေသော စစ်ဘေးရှောင်းများသည် တစ်နေ့ထက်တစ်နေ့ လူဦးရေးပိုများလာနေသောကြောင့် စားနပ်ရိက္ခာ၊ အဝတ်အထည်၊ အမိုးအကားနှင့် ဆေးဝါးအကူညီလိုအပ်မှုများ ရှိနေသည်ဟု သိရသည်။

    နှစ်ဖက်တိုက်ပွဲကြောင့် ရေဖြူ- ကလိန်အောင်လမ်းပိုင်းတွင် ခရီးသယ်ယာဉ်များနှင့် ကုန်တင်ကားအများပြား ပိတ်ဆို့နေခဲ့ပြီး၊ လက်ရှိကာလအတွင်း  ရေး-ထားဝယ်အမှတ် ၈ လမ်းပိုင်းသို့ စုံစမ်းမေးမြန်းပြီးမှ ခရီးသွားလာခြင်းပြုရန်လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks