spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းစစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းများဖြင့် YGF ထံ အလင်းဝင်

    စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းများဖြင့် YGF ထံ အလင်းဝင်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် ခမရ (၅၉၁) တပ်ရင်းမှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများဖြင့် နည်းဗျူဟာ (၃၃)၊ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် YGF ထံ အလင်းဝင်ရောက်လာသည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

    ကျောင်းရွာစံပြရွာရှိ ခမရ (၅၉၁) တပ်ရင်းမှ ကိုယ်ပိုင်အမှတ် (ပစ- ၁၄၁၈၀၄) တပ်သား စအောင်ဖြိုးသန့်သည် ဩဂုတ်လ ၂၈ ရက်နေ့တွင် YGF တပ်ဖွဲ့နှင့် ဆက်သွယ်ပြီး အလင်းဝင်ရောက်လာသည်ဟု သိရသည်။

    “သူကတော့ ကျနော်တို့ဆီကို မနေ့ကပဲ ရောက်တာလေ၊ ကျနော်တို့နဲ့ချိတ်ပြီးရောက်လာတယ်။ သူကတော့ ရေးမြို့အခြေစိုက် ခမရ ၅၉၁ ကပေါ့။ ဧရာဝတီတိုင်းသား မူဆယ်မှာအလုပ်လုပ်ပြီး ရန်ကုန်ဘက်ကိုပြန်မဲ့ အပြန်ကားလမ်းမှာ မိတာပေါ့၊ ပေါတာဆွဲခံထိပြီးတော့ စစ်မှုထမ်းကို ရောက်သွားတာပေါ့နော် ” ဟု YGF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    စစ်မှုထမ်းသင်တန်း အပတ်စဉ် (၉) မှ သင်တန်းဆင်းဖြစ်သည့် တပ်သား စအောင်ဖြိုးသန့်သည် အလင်းဝင်လာစဉ်တွင် သူနှင့်အတူ MA4 သေနတ် (၁ လက်)၊ ကျည်ဘောက် (၂ ဘောက်) နှင့် ကျည် (၂၅ တောင့်) တို့ကို ယူဆောင်လာပြီး ရောက်ရှိလာသည်ဟု သိရသည်။

    အလင်းဝင်လာသည့် တပ်သားများနှင့် ပတ်သက်၍ ဒေါနစစ်ကြောင်း (၂)၊ စစ်ကြောင်းမှူးရဲဘော် ဗိုလ်ကျန်ရစ်မှ အချိန်မှီပြည်သူဘက်သို့ ကူးပြောင်းလာသည့်အတွက် နွေးထွေးပျူငှာစွာ ကြိုဆိုကြောင်းနှင့် စစ်ကောင်စီဘက်မှ ကျန်ရှိနေသောသူများလည်း အချိန်မှီ ပြည်သူဘက်သို့ ကူပြောင်းကြပြီး  စစ်အာဏာရှင်ကို တွန်းလှန်ကြရန် တိုက်တွန်းသည်။

    “အခု အကိုတို့အဖွဲ့ဆီအလင်းဝင်တာကတော့ ဒါက ၁၈ ယောက်မြောက်ပေါ့နော်။ ဒီ (ပစ)စစ်မှုထမ်းတွေလည်းပါတယ်၊ စစ်သားအဟောင်းတွေ၊ ပြီးတော့ ဗိုလ်မှူးတွေ ဗိုလ်ကြီးတွေလည်းပါတယ်အလင်းဝင်တဲ့အထဲမှာလေ” ဟု သူက ပြောသည်။

    အချိန်မှီအလင်းဝင်ရောက်လိုသူများအနေဖြင့် ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) နှင့် နီးစပ်ရာ တော်လှန်းရေးအဖွဲ့အစည်းများထံ ရရာနည်းဖြင့် အမြန်ဆုံးချိတ်ဆက်ကာ ပြည်သူဘက်သို့ အလင်းဝင်ရောက်ရန် တိုက်တွန်းထားသည်။

    နည်းဗျူဟာ (၃၃)၊ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) မှ လာရောက်ပူးပေါင်းသော အဆိုပါတပ်သားအား ငွေကြေးအချို့ ကူညီထောက်ပံ့ခဲ့သေးသည်။

    အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းသင်တန်းသို့ ရောက်ရှိသွားသူအများစုသည် ၎င်းတို့ကို တာဝန်ထမ်းဆောင်ရန် ပို့ဆောင်ထားသည့်နေရာမှတစ်ဆင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ နည်းလမ်းပေါင်းစုံဖြင့် အလင်းဝင်နေကြောင်းလည်း တော်လှန်ရေးတပ်ဖွဲ့၏ လူမှုကွန်ရက်များမှ ထုတ်ပြန်ချက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks