spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းပတ်စပို့စာအုပ်ကြေးတိုးမြှင့်ကောက်ခံထားခြင်းကြောင့် ပွဲစားများ ဝန်ဆောင်ခပိုတောင်းခံလာနိုင်

    ပတ်စပို့စာအုပ်ကြေးတိုးမြှင့်ကောက်ခံထားခြင်းကြောင့် ပွဲစားများ ဝန်ဆောင်ခပိုတောင်းခံလာနိုင်

    -

    မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုအတွက် စာအုပ်ဖိုးကုန်ကျငွေ ၄၀၀၀၀ ကျပ်မှ ၄၅၀၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ်လိုက်ပြီး စက်တင်ဘာ ၁ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ယမန်နေ့ သြဂုတ် ၂၈ ရက်နေက သတိပေးထုတ်ပြန်ခဲ့သည်။

    ယခင်က နိုင်ငံကူးလက်မှတ် အသစ်လျှောက်၊ သက်တမ်းတိုးမည်ဆိုပါက ငွေကျပ် ၃၅၀၀၀ မှ ၄၀၀၀၀ ကျပ်ကို တိုးမြှင့်သတ်မှတ်ခဲ့ပြီး ယခု ၄၅၀၀၀ ကျပ်သို့ ထပ်မံတိုးမြှင့်ပြောင်းလဲသတ်မှတ်ခဲ့သည့်အပြင် Online Appointment ရက်ချိန်းများကိုလည်း ရက်ပိုင်းအတွင်း ရယူနိုင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ လူကိုယ်တိုင်မဟုတ်ဘဲ ကြားခံပွဲစားဖြင့်လုပ်ဆောင်နေသူများကိုသာ ဦးစားပေးလုပ်ဆောင်နေခြင်းဖြစ်ပြီး စာအုပ်ဖိုးတိုးမြှင့်ထားသည့်အပေါ် ပွဲစားများအတွက် ငွေဝင်ပေါက်ဖြစ်လာနိုင်ကြောင်း ပွဲစားနှင့်နီးစပ်သူများကဆိုသည်။

    ပွဲစားဝန်ဆောင်ခများသည် ငွေကျပ်တစ်သိန်းခွဲမှစ၍ ပေါက်ဈေးအမျိုးမျိုးရှိနေပြီး တစ်ဦးနှင့်တစ်ဦး သတ်မှတ်ချက်မတူညီသောကြောင့် ပိုမိုတောင်းခံလာနိုင်သည်ဟု မုဒုံမှ ပတ်စပို့ဝန်ဆောင်မှုပေးနေသူတစ်ဦးက ပြောသည်။

    “ပွဲစားတွေနဲ့ပဲလုပ်ကြတာများတယ်။ ပွဲစားတစ်ယောက်နဲ့တစ်ယောက်ကယူတာမတူဘူး။ အချို့ကအပြီးအစီး ၁၂၀၀၀၀ ၊ အချို့က ၁၅၀၀၀၀ ပေါ့နော်၊ အဲ့တာက PV ကြေး PJ ဆိုနိုင်ငံအပေါ်မူတည်ပြီးတော့ ပေးရတဲ့အခွန်ရှိတယ်ဆိုတော့ အစိုးရဘက်နေတော့ ၄၀၀၀၀ ယူတယ်အခု ၅၀၀၀ ပိုတောင်းလည်း ကိစ္စမရှိဘူးပေါ့နာ် ပွဲစားတွေပဲပိုယူမှာစိုးတာပဲ”ဟုပြောသည်။

    ကြားခံပွဲစားများ၏အဆမတန်ငွေကြေးတောင်းခံနေခြင်းမှ လျှော့ချနိုင်ရန် Online Booking စနစ်ကို ၂၀၂၄ တွင် ကျင့်သုံးခဲ့သော်လည်း ပွဲစားမှတစ်ဆင့် Online Booking တင်ခြင်း၊ ပတ်စပို့ရုံးတွင် စာရွက်စာတမ်းများတင်ပေးသည့်လုပ်ငန်များကိုပွဲစားများက ယနေ့အထိ လုပ်ဆောင်ခွင့်ရှိနေသည်။

    သို့သော် နိုင်ငံကူးလက်မှတ်ရုံးရှိ စစ်ကော်မရှင်အရာရှိများထံ မလိုအပ်ဘဲစစ်ဆေးခံနေရခြင်းမှ လွတ်ကင်းနိုင်ခြင်း၊ အချိန်ကုန်သက်သာခြင်းနှင့် အချက်အလက်တစ်စုံတစ်ရာ မှားယွင်းရာတွင် အလွယ်တကူပြင်ဆင်နိုင်ခြင်းတို့ကြောင့် ပွဲစားမှတစ်ဆင့် လုပ်ဆောင်နေကြကြောင်းလည်း အထက်ပါသူက ဆိုသည်။

    “OR ကုတ်တင်တာနဲ့ ၆သောင်းကုန်တယ်၊ ဘယ်လောက်ပဲပေးရပေးရပါပဲလေ၊ ပတ်စပို့ရဖို့ နိုင်ငံခြားသွားရဖို့ကအရေးကြီးတာပဲ ပွဲစားကနေလုပ်ရင်ပိုပြီး၊ ပိုလွယ်တယ်၊ တစ်ခုခုမှားရင်လည်း ပွဲစား တွေကဘယ်လိုလုပ်ပေးရင် အဆင်ပြေမလဲဆိုတာ သိတယ်လေ”ဟုပြောသည်။

    မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် Online Appointment ဖြင့်လျှောက်ထားရခြင်းဖြစ်ပြီး လျှောက်ထားသူ၏ အမျိုးအစားအလိုက် အသစ်လျှောက်/သက်တမ်းတိုးခြင်းများအတွက် ယခင်က ၄၀၀၀၀ ကျပ်သတ်မှတ်ခဲ့ပြီး ကြိုက်နှစ်သက်ရာ Online ငွေပေးချေမှုဖြင့် ကြိုတင်ပေးသွင်းနိုင်ကြောင်း သိရသည်။

    စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ပေါ်တွင် နိုင်ငံကူးလက်မှတ် လာရောက်လုပ်ဆောင်သူ နေ့စဉ်များပြားနေသဖြင့် တန်းစီတိုးဝှေ့နေကြရပြီး တစ်ရက်လျှင် လူအယောက် ၁၃၀ သာ လက်ခံလုပ်ဆောင်ပေးနေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks