Homeသတင်းမြန်မာဒုက္ခသည်များကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရေး တရားမဝင်နိုင်ငံခြားအလုပ်သမားအားလုံးကို ထိထိရောက်ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်ဟုကြေညာ

မြန်မာဒုက္ခသည်များကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်ရေး တရားမဝင်နိုင်ငံခြားအလုပ်သမားအားလုံးကို ထိထိရောက်ဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်ဟုကြေညာ

-

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ မြန်မာဒုက္ခသည်များကို အလုပ်လုပ်ခွင့်ပြုမည်ဟု ကြေညာထားသည့်နောက် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားအလုပ်သမားများကို ထိထိရောက်ရောက် ရှာဖွေဖမ်းဆီးပြီး နေရပ်ပြန်ပို့မည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီး ဖွန်ကဝင်က ချွန်ကရွန်ကစ် (Pongkawin Juangroongruangkit)က ယမန်နေ့(သြဂုတ်လ၂၇ရက်နေ့) က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုင်းအလုပ်သမားဝန်ကြီး ဖွန်ကဝင်က နိုင်ငံခြားအလုပ်သမားများသည် ထိုင်းနိုင်ငံ၏စီးပွားရေးအတွက် အရေးပါသော်လည်း ဥပဒေမဲ့ပုံစံဖြင့် လုပ်ကိုင်နေခြင်းကို ခွင့်မပြုတော့ကြောင်းနှင့် တရားမဝင် အလုပ်သမားများကြောင့် ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ထိခိုက်နေကြောင်း ပြောဆိုခဲ့သည်။

တရားဝင်အလုပ်လုပ်ခွင့် လိုင်စင်မရှိဘဲ အလုပ်လုပ်နေသည့် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးရမိပါက ဘတ် ၅,၀၀၀ မှ ၅၀,၀၀၀ အထိ ဒဏ်ငွေချမှတ်ပြီး ၎င်းတို့၏ မွေးရပ်နိုင်ငံသို့ ပြန်ပို့မည်ဟုလည်း ဆိုသည်။

တရားမဝင်အလုပ်သမားများကို ခန့်ထားသည့် ထိုင်းလုပ်ငန်းရှင်များကိုလည်း တစ်ဦးချင်းစီအတွက် ဘတ် ၁၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ဒဏ်ငွေချမှတ်မည်ဖြစ်ပြီး၊ ထပ်မံကျူးလွန်ပါ ထောင်ဒဏ်၊ ငွေဒဏ် (သို့မဟုတ်)  နှစ်မျိုးစလုံး ချမှတ်ခံရမည့်အပြင် နိုင်ငံခြားသားအလုပ်သမား ခန့်ထားခွင့်ကို သုံးနှစ်ကြာ ပိတ်ပင်သွားမည်ဟုလည်း ဆိုသည်။

ထိုကြောင့် လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်အလုပ်သမားများ ခန့်အပ်ထားခြင်းမပြုရန်နှင့် လိုအပ်ပါက MOU အတိုင်း တရားဝင်စနစ်ဖြင့်သာ ခန့်အပ်ရန် ထိုင်းအလုပ်သမားဝန်ကြီးက တိုက်တွန်းထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ မြန်မာဒုက္ခသည်များ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးမည်ဟု ထိုင်းအစိုးရမှ ထုတ်ပြန်ခဲ့ပြီး၊ အဆိုပါ ဒုက္ခသည်များကို လုပ်ငန်းခွင်နေရာပေးနိုင်ရန်အတွက် တရားမဝင်လုပ်သားများကို ရှာဖွေနှိမ်နင်းပြီး နေရပ်ပြန်ပို့ရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာန၏ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ အချက်အလက်အရ ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ခွင့်ရထားသည့် နိုင်ငံခြားသား စုစုပေါင်း လေးသန်းကျော်ရှိပြီး ၎င်းတို့အနက် MOU စနစ်ဖြင့် ဝင်ရောက်လာသူ ၇ သိန်းနီးပါအထိရှိသည်ဟု သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ တရားဝင်အလုပ်သမားဖြစ်ရေး စာရွက်စာတမ်းလုပ်ဆောင်နေဆဲ အလုပ်သမား နှစ်သန်းနီးပါးအနက် မြန်မာနိုင်ငံမှ နှစ်သိန်းနီးပါး ပါဝင်နေကြောင်း အချက်အလက်များအရ သိရသည်။

ပုံ-matichon online

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts