spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းမြဝတီတွင် ရာအိမ်မှုးထံ ရိုက်နှက်ခံရသူအမျိုးသားတစ်ဦး တစ်ရက်အကြာတွင် သေဆုံး

    မြဝတီတွင် ရာအိမ်မှုးထံ ရိုက်နှက်ခံရသူအမျိုးသားတစ်ဦး တစ်ရက်အကြာတွင် သေဆုံး

    -

    ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ရာအိမ်မှူးကိုဆဲဆိုပြီး ရမ်းကားနေသူ အရပ်သားတစ်ဦးကို ရိုက်နှက်ပြီး ဒေသတွင်းအဖွဲ့အစည်းတစ်ခုထံ အပ်နှံထားရာမှ တစ်ရက်အကြာတွင် သေဆုံးသွားခဲ့ကြောင်း မြဝတီမြို့ခံများက ဆိုသည်။

    ဒေသခံများပြောပြချက်အရ ဩဂုတ် ၂၄ ရက် ည ၉ နာရီခန့်က မြဝတီမြို့ အမှတ် (၄) မြေနီကုန်းရပ်ကွက်တွင် နေထိုင်သူ (အသက် ၄၅)နှစ်အရွယ်အမျိုးသားတစ်ဦးသည် အရက်မူးပြီး ၎င်းမိသားစုနှင့် ရာအိမ်မှူးဆိုသူကို ဆဲဆိုခဲ့သည်။

    ထိုနောက် ရာအိမ်မှူးမှ အဆိုပါအမျိုးသားကို ထိုးကြိတ်ပြီး မြို့တွင်းတာဝန်ယူထားသည့် အဖွဲ့အစည်းတစ်ခုထံ အပ်နှံထားရာမှ နောက်နေ့ (သြဂုတ် ၂၅) နံနက်တွင် ထိပ်တုံးခတ်လျှက်ဖြင့် သေဆုံးနေခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    သေဆုံးသူ ရုပ်အလောင်းတွင် တွေ့ရသည့် ဒဏ်ရာများသည် သာမန်သေဆုံးမှုမဟုတ်ဘဲ နှိပ်စက်ခံရမှုဖြစ်နိုင်ကြောင်း မြို့ခံများက ဆိုသည်။

    “ ရာအိမ်မှူးက ကိုမိုးဝင်းကို PC(၁၈) ဂိတ်ကို အပ်လိုက်တာ။  အလောင်းမှာတွေ့ရတဲ့ ဒဏ်ရာတွေကလည်း ရာအိမ်မှူးနဲ့ ဆက်စပ်နေတယ်ထင်တယ်။ မိသားစုကတော့ အရေးယူတာ မရှိသေးဘူး” ဟု မြဝတီမြို့ခံက ပြောသည်။

    PC (၁၈) ဂိတ်ဟူသည် စစ်ကောင်စီနှင့်အပစ်ရပ်လက်မှတ်ထိုးထားသည့်  ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) တပ်ဖွဲ့ဝင်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်ဟု ဆိုသည်။

    အဆိုပါကိစ္စနှင့်ပတ်သတ်၍ KNU/KNLA (PC)မှ အရာရှိ စောအောင်မြင့်ဦးဆိုသူက ၎င်း၏ လူမှုကွန်ရက်မှတဆင့် သေဆုံးသူအမျိုးသားသည် ရာအိမ်မှုးမှ အကူအညီတောင်းခံမှုကြောင့် သွားရောက်ခေါ်ယူခြင်းဖြစ်ပြီး ရပ်ကွက်မှ ရိုက်နှက်ခံထားရသည့်ဒဏ်ရာများ ပါရှိလာကြောင်း ရေသားထားသည်။

    “ ညီအကိုတွေက ထိုးကြိတ်ပြီး အိမ်ရှေ့မှာ လဲကျနေတာ ရာအိမ်မှူးက အဖွဲ့စည်းကို ထိန်းပေးပါဆိုပြီး ရာအိမ်မှူးကိုယ်တိုင် လိုက်အပ်ထားတာပါ။ အဖွဲ့စည်းကခေါ်သွားတာ။ တွဲပြီးကားပေါ် ချီတင်ရတယ်။ ချီချရတယ်။ ခေါ်သွားချိန်က လမ်းမလျှောက်နိုင်ဘူး။ အဖွဲ့အစည်းလက်အပ်တော့ လက်ထိပ်ခပ်၊ ခြောက်ပေါက်ထည့်ရတာပေါ့။ မနက်မိုးလင်းလို့ သွားကြည့်မှ သေနေတာပါ”ဟု ဖော်ပြထားသည်။

    သို့သော် ပုံမှန်သေဆုံးခြင်းမဟုတ်ဟု ယူဆရသည့်အတွက် အမှုမှန်ပေါ်စေရေး သက်ဆိုင်ရာမှလိုအပ်သလို အရေးယူဆာင်ရွက်ပေးစေလိုကြောင်း မြို့ခံများက တောင်းဆိုထားကြသည်။

    မြဝတီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့အပါအဝင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့များ၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA) နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU/KNLA (PC) စသည့် လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်နေကြသော်လည်း တရားဥပဒေစိုးမျိုးမှု အားနည်းနေသည်ဟု မြို့ခံများက ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks