spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းစစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝလက်မခံဟု ABSDF ပြော

    စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝလက်မခံဟု ABSDF ပြော

    -

    စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို လုံးဝ လက်မခံကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှာ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်အေးလွင်က IMNA ကို ပြောသည်။

    စစ်အုပ်စုက ကျင်းပမည့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲသည် နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း၊ ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသော နောက်ဆက်တွဲ အခြေအနေမှာ ပို၍ ပဋိပက္ခကို ကြီးထွားနိုင်ကြောင်း ၎င်းက ပြောသည်။

    ရဲဘော်အေးလွင်က “အခု မတရားအာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုက တရားမဝင်အတုအယောင် စီစဉ်ဆောင်ရွက်နေတဲ့အပေါ်မှာတော့ ကျနော်တို့ ABSDF အနေနဲ့က လုံးဝ လက်မခံပါဘူး။ ဒါကိုလည်း လုံးဝဆန့်ကျင်ပါတယ်ဆိုတာကို ကျနော်တို့ ပြောချင်ပါတယ်။ အခု အကြမ်းဖက် စစ်အုပ်စုက လုပ်မယ့် အတုအယောင်တရားမဝင်ရွေးကောက်ပွဲက ကျနော်တို့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ဘဲနဲ့ ဒီရွေးကောက်ပွဲကနေ ထွက်လာတဲ့ နောက်ဆက်တွဲ အခြေအနေမှာ ကျနော်တို့ ပဋိပက္ခကို ပိုကြီးသွားနိုင်တယ်ဆိုတဲ့အရာကိုတော့ ကျနော်တို့ ရှု့မြင်ထားပါတယ်။ ဒီလိုမျိုး ရွေးကောက်ပွဲ လုပ်တယ်ဆိုတာကလည်း အကြမ်းဖက်စစ်အုပ်စုဖက်မှာ သူတို့ရဲ့ ယခင်ကတည်းက လုပ်နေတဲ့ လမ်းကြောင်းအတိုင်းပေါ့နော်၊ စစ်အာဏာရှင်စနစ်ကိုပဲ သက်ဆိုးရှည်အောင်လုပ်မယ့် အလုပ်တစ်ခုဖြစ်တယ်၊ နည်းနာတစ်ခုဖြစ်တယ်လို့ ခံယူပါတယ်” ဟု ပြောသည်။

    စစ်ကော်မရှင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် ၃၉၉ (က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၃၄ (ဂ) နှင့် နည်းဥပဒေ ၁၆ (က) တို့အရ ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ထိုအပြင် အဆိုပါ ရွေးကောက်ပွဲကို နိုင်ငံတဝှမ်းရှိ မြို့နယ်အများအပြားကို မဲဆန္ဒနယ်အဖြစ် သတ်မှတ်ခဲ့သလို ၎င်းတို့ လက်လွှတ်ထားရသော မြို့နယ်များကိုလည်း မဲဆန္ဒနယ်မြေအဖြစ် စစ်ကော်မရှင်က သတ်မှတ်ထားသည်။

    စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို မိမိတို့ လှုပ်ရှားဒေသရှိ မဟာမိတ် အဖွဲ့အစည်းများနှင့်အတူ နည်းလမ်းပေါင်းစုံဖြင့် လက်တွဲဖြေရှင်းသွားမယ်ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း သံတမန်နည်းလမ်းဖြင့် ဆန့်ကျင်သွားမည်ဟု ရဲဘော်အေးလွင်က ပြောသည်။

    “ဒီအကြမ်းဖက် စစ်အုပ်စုက လုပ်မယ့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုတော့ ကျနော်တို့ ABSDF အနေနဲ့ပေါ့နော် ကျနော်တို့ ဒေသအခြေစိုက်တွေမှာ ရှိနေတဲ့ ကျနော်တို့ရဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ကျနော်တို့ နည်းလမ်းပေါင်းစုံနဲ့ လက်တွဲ ဖြေရှင်းသွားမယ်၊ ကျနော်တို့ NUCC၊ NUG တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစု ပြီးတော့ ပြည်သူလူထုနဲ့အတူပေါ့နော် ဆန့်ကျင်သွားမယ်၊ ကျနော်တို့သည် နိုင်ငံတကာမှာလည်း ကျနော်တို့ သံတမန်ရေး နည်းလမ်းတွေနဲ့ အကြမ်းဖက်စစ်အုပ်စုက လုပ်မယ့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို NUCC၊ NUG အပါအဝင်ပေါ့နော် ကျနော်တို့ တော်လှန်ရေးမဟာမိတ်အင်အားစုတွေနဲ့ အတူတူ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပြီးတော့ ဆန့်ကျင်သွားမယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

    အဆိုပါ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းမှ အသိအမှတ် မပြုဘဲ ဆန့်ကျင်ရန် လိုအပ်ကြောင်း၊ စစ်အုပ်စု၏ ရွေးကောက်ပွဲက အသိအမှတ်ပြုခြင်း ရရှိသွားပါက ယခုထက် ပို၍ဆိုးသော အကြမ်းဖက်မှုများ ပြည်သူလူထုအပေါ် ကျူးလွန်လာနိုင်ကြောင်း ရဲဘော်အေးလွင်က ဆက်ပြောသည်။

    စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို ပါဝင်ကူညီခြင်း၊ လိုက်ပါဆောင်ရွက်ခြင်း မပြုကြရန် တော်လှန်ရေး အင်အားစု အသီးသီးက ထုတ်ပြန်ထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks