spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းကြိုတင်ဆန္ဒမဲကိစ္စ အတင်းအကြပ် ဖိအားပေးလာမည်ကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စိုးရိမ်နေ

    ကြိုတင်ဆန္ဒမဲကိစ္စ အတင်းအကြပ် ဖိအားပေးလာမည်ကို ပြည်ပရောက် မြန်မာနိုင်ငံသားများ စိုးရိမ်နေ

    -

    စစ်ကော်မရှင်လက်အောက်ခံ မြန်မာသံရုံးများမှ ပြည်ပရောက် မြန်မာနိုင်ငံသားများ လာမည့် ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲ ပုံစံ (၁၅) ဖောင်များ လာရောက်ဖြည့်သွင်းရန် နှိုးဆော်ထားပြီး အဆိုပါကြိုတင်ဆန္ဒမဲကိစ္စကို မြန်မာသံရုံးမှ အတင်းအကြပ်ဖိအားပေးလာမည်ကို စိုးရိမ်နေရကြောင်း ပြည်ပရောက် မြန်မာနိုင်ငံသားများက ဆိုသည်။

    ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးနိုင်ရေးအတွက် ဩဂုတ် ၂၁ ရက်မှစ၍ ပြည်ပရောက် မြန်မာနိုင်ငံသားများ သက်ဆိုင်ရာ သံရုံးများသို့ ပုံစံ (၁၅) ဖြည့်သွင်းပေးပို့ရန်နှင့် ထိုအချက်အလက်များကို အခြေခံ၍ ကြိုတင်ဆန္ဒမဲ လက်မှတ်များ ထုတ်ပေးသွားမည်ဟု  စစ်ကော်မရှင်မှ ထုတ်ပြန်ထားသည်။

    ထိုင်းနိုင်ငံမှအပါအဝင် ပြည်ပတွင် ပညာသင်ကြားနေသူများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ယာယီခိုလှုံနေထိုင်သူများ စစ်ကော်မရှင် ရွေးကောက်ပွဲကို ဆန့်ကျင်လျှက်ရှိပြီး မဲပေးမည့်အစီအစဉ် မရှိသော်လည်း နေထိုင်ခွင့်စာရွက်စာတမ်းကိစ္စဖြင့် အတင်းအကြပ်ခြိမ်းခြောက်လာမည်ကို စိုးရိမ်ရသည်ဟု စင်ကာပူနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သား မွန်လူငယ်တစ်ဦးက ပြောသည်။

    “ကျနော့်အနေနဲ့ဆို အများစုက မဲပေးမှာမဟုတ်ဘူးလို့ထင်တယ်။ ဒါပေမဲ့ သူတို့အကြပ်ကိုင်တာခံရမလားဆိုတာပဲ စိုးရိမ်ရတယ်။ ဖောင်မဖြည့်ဘူးဆိုရင် ကျွန်တော်တို့ကို ဟိုတာမဟုတ်ပေးဘူး။ ဒီဟာမထုတ်ပေးဘူး လုပ်လာအုံးမယ်” ဟု မွန်လူငယ်ကဆိုသည်။

    အထူးသဖြင့် နေထိုင်ခွင့်စာရွက်စာတမ်း သက်တမ်းမတိုးပေးခြင်း၊ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်မပြုခြင်းနှင့် MOU လုပ်သားများ ပြည်တွင်းအထိ အတင်းအကြပ် မဲပေးစေခိုင်းခြင်းများ နောက်ဆက်တွဲ ရင်ဆိုင်ရနိုင်ကြောင်းလည်း မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေးထားသည်။

    စစ်ကော်မရှင်မှ ပြည်ပရောက်မြန်မာနိုင်ငံသားများထံ ကြိုတင်မဲရရှိရန် ကြိုးပမ်းနေမှုအပေါ်  ပါဝင်အားပေးမည်မဟုတ်ဟု ဆုံးဖြတ်ထားကြောင်း ပြည်ပရောက် လူငယ်တစ်ဦးက ဆိုသည်။

    “ဘာကိစ္စရွေးကောက်ပွဲ လုပ်နေမတုန်း သူတို့ကို မလိုအပ်လို့ တစ်နိုင်ငံလုံး ဆန္ဒပြပီးပြီလေ၊ ဒါကို လက်နက်အားကိုးပြီး အာဏာယူထားပြီး အခုမှ လူကြားကောင်းအောင် အယောင်ဆောင်တွေလုပ်ပြမနေသင့်ဘူး။ ခုကတော့ ပုံစံ(၁၅)ဖောင်လား ဖြည့်ပေးဖို့ပြောလာတယ်။ ကျနော်ကတော့ လုံးဝဖြည့်မှာမဟုတ်ဘူး” ဟု ထိုင်းနိုင်ငံတွင် ပညာသင်ကြားနေသည့် လူငယ်တစ်ဦးက ပြောကြားသည်။

    အဆိုပါ ပုံစံ(၁၅) ဖောင်ကို ဖြည့်သွင်းရန် ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျာမနီ၊ အမေရိကန်စသည့် နိုင်ငံများတွင်ရှိသည့် သက်ဆိုင်ရာသံရုံးများတွင် သွားရောက်ထုတ်ယူနိုင်သလို ရွေးကောက်ပွဲကော်မရှင် ဝက်ဆိုဒ် (သို့မဟုတ်) သက်ဆိုင်ရာသံရုံးဝက်ဆိုဒ်များမှလည်း ရယူနိုင်ကြောင်း စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားသည်။

    လက်ရှိအချိန်တွင် ပြည်ပရောက်မြန်မာအများစုနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင်၊ တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက စစ်တပ်မှကျင်းပမည့် ရွေးကောက်ပွဲကို "အတုအယောင်ရွေးကောက်ပွဲ"ဟု ဆိုပြီး ပုံစံမျိုးစုံ ဆန့်ကျင်ကန့်ကွက်လျှက်ရှိသည်။

    လာမည့် ဒီဇင်ဘာ ၂၈ ရက်မှ စတင်၍ ၂၀၂၆ ဇန်နဝါရီလအထိ အထွေထွေရွေးကောက်ပွဲများ အပိုင်းလိုက် ကျင်းပမည်ဖြစ်ပြီး၊ အပိုင်း(၁)အနေဖြင့် မြို့နယ် ၁၀၂ ခုတွင် အထွေထွေရွေးကောက်ပွဲ စတင်ပြုလုပ်မည်ဟုလည်း စစ်ကော်မရှင်ဘက်က ထုတ်ပြန်ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks