spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းရာမညမွန်တပ်တော် (RMA) မှ သံဖြူဇရပ် (Tollgate) ကို ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွား

    ရာမညမွန်တပ်တော် (RMA) မှ သံဖြူဇရပ် (Tollgate) ကို ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွား

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ အဝင်အထွက်ပေါက်ဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီ၏ ဖောင်စိန်စစ်ဆေးရေးဂိတ် (Tollgate) ကို မုဒုံမြို့နယ်ရှိ ရာမညမွန်တပ်တော် (RMA) တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း (RMA) မှ ထုတ်ပြန်ထားသည်။

    ရာမညမွန်တပ်တော် (RMA)မှ သြဂုတ် ၂၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော် (RMA)မှ တပ်ဖွဲ့အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

    ရာမညမွန်တပ်တော် (RMA) မှ ယခုသြဂုတ်လအတွင်း ၎င်းတပ်ဖွဲ့တစ်ဖွဲ့တည်းဖြင့်လည်းကောာင်း၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်ပူးပေါင်း၍လည်းကောင်း သံဖြူဇရပ်၊ရေးနှင့် ရေဖြူဒေသအတွင်းရှိ စစ်ကောင်စီအဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲ ၃ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks