Homeသတင်းစစ်ကောင်စီ၏ အထွေထွေရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်

စစ်ကောင်စီ၏ အထွေထွေရွေးကောက်ပွဲကို လာမည့်ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည်

-

စစ်ကောင်စီမှ ၎င်း၏အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်ကစပြီး ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့(သြဂုတ် ၁၈ ရက်) တွင် ထုတ်ပြန်ကြေညာသည်။

ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကာ ပြုလုပ်သွားမည်ဖြစ်သဖြင့် အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ (တနင်္ဂနွေနေ့)တွင် စတင်ကျင်းပမည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပမည့် အပိုင်းလိုက် နေ့ရက်များကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မြေများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဩဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံ- စကစရွေးကောက်ပွဲကော်မရှင်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts