spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရွေးကောက်ပွဲ၏ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ထံ ပါဝင်ရန် စစ်ကောင်စီမှ ရပ်ရွာဒေသခံများကို နှိုးဆော်

    ရွေးကောက်ပွဲ၏ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ထံ ပါဝင်ရန် စစ်ကောင်စီမှ ရပ်ရွာဒေသခံများကို နှိုးဆော်

    -

    မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် စစ်ကောင်စီအဖွဲ့မှ အရှိန်မြှင့်ပြင်ဆင်ဆောင်ရွက်နေပြီး လက်ရှိတွင် ရပ်ရွာဒေသခံများကို ၎င်းတို့၏  ရပ်ကွက်၊ကျေးရွာအဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ ပါဝင်ကြရန် နှိုးဆော်နေကြောင်း သိရသည်။

    ရပ်ကွက်နှင့် ကျေးရွာအဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့များကို ဖွဲ့စည်းရန် စစ်ကောင်စီက သြဂုတ်လ ၁၂ ရက်နေ့တွင် ညွှန်ကြားထားပြီး ပါဝင်မည့် အဖွဲ့ဝင်များကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများက ရက်ပိုင်းအတွင်း စာရင်းသွင်းရန် ပြောဆိုထားကြောင်း သိရသည်။

    ထို့အပြင် အဆိုပါရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်း အဖွဲ့ဝင်အဖြစ်ပါဝင်မည့်သူများသည် ရွေးကောက်ပွဲမလုပ်ဆောင်မှီ ၆ လနှင့်ရွေးကောက်ပွဲအပြီး ၆လအထိ လစာအကျိုးခံစားခွင့်ရှိမည်ဖြစ်သည်ဟု မက်လုံးပေးပြောဆို၍ ခေါ်ယူနေကြောင်း ပေါင်မြို့နယ်ဒေသခံတစ်ဦးက ပြောသည်။

    “ခံစားခွင့်ရှိမယ်ပေါ့၊ ရွေးကောက်ပွဲမတိုင်ခင်ခြောက်လနဲ့ ရွေးကောက်ပွဲအလွန်ခြောက်လကို လခရတယ်လို့တော့ပြောတယ်။ ဘယ်လောက်ရမယ်တော့ အသိသေးဘူး။ အဲဒါကို မျှော်လင့်ချက်နဲ့ ဝင်လုပ်ချင်တဲ့သူတွေရှိတယ်။ အဲဒါကို သူတို့က လျှို့ဝှက်ပြီး ဖွဲ့စည်းမယ့်သဘောရှိနေတယ်” ဟု ဆိုသည်။

    အဆိုပါကော်မရှင်အဖွဲ့အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာတစ်ရွာလျှင် အဖွဲ့ဝင်စုစုပေါင်း ၇ ဦးဖြင့် ပါဝင်ဖွဲ့စည်းရမည်ဖြစ်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှုးများ၊ လူမှုအဖွဲ့ဝင်များနှင့် ဒေသခံကိုယ်စားလှယ်များဘက်မှ ၄ ဦးပါဝင်ရမည်ဟု သိရသည်။

     ရွေးကောက်ပွဲမတိုင်မီ မဲစာရင်းနှင့်လူဦးရေစာရင်း မှန်ကန်မှုရှိရန်၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ကြိုတင်ပြင်ဆင်ရန်နှင့် လုံခြုံရေးကိစ္စများကို ကြိုတင်ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်၊ကျေးရွာအဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့များကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း စစ်ကောင်စီအဖွဲ့တို့ပြောဆိုထားသည်။

     အဆိုပါကော်မရှင်အဖွဲ့ကို မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် ဖွဲ့စည်းနိုင်ခဲ့သာ်လည်း ပြည်သူများ ရွေးကောက်ပွဲဆန့်ကျင်မှုအားကောင်းသည့် နေရာများတွင် မဖွဲ့စည်းနိုင်သေးကြောင်း သိရသည်၊

     “ ကျိုက်ထို၊ဘာအံ၊ ကော့ကရိတ်ဘက်မှာတော့ နယ်မြေအခြေအနေတွေကြောင့် ကော်မရှင်ဖွဲ့စည်းတာတွေမရှိသေးဘူး။ သူတို့ကတော့ ဖွဲ့စည်းရမယ်လို့ပြောထားတယ်။ ဒါပေမဲ့ ဒီနယ်မြေဘက်ကျတော့ တော်လှန်ရေးတပ်ဖွဲ့တွေလဲများတယ်။ ပြီးရင် အသက်အန္တရာယ်အာမခံချက်လဲမရှိတော့ ဒီဘက်ရွာတွေမှာတော့ မဖွဲ့ကြသေးဘူး” ကျိုက်မရောမြို့နယ်မှ ရပ်ရွာအရေးလှုပ်ရှားနေသူတစ်ဦးက ဆိုသည်။

    လက်ရှိ မွန်ပြည်နယ်အတွင်း မွန်နိုင်ငံရေးပါတီများအပါဝင် အခြားနိုင်ငံရေးပါတီများ ပြင်ဆင်လှုပ်ရှားလာသည့်အပေါ် ဒေသခံပြည်သူများအနေဖြင့်  အလိုမရှိကြောင်းလည်း ပြောသည်။

    ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် စစ်ကောင်စီက ရွေးကောက်ပွဲဆိုင်ရာ လွှတ်တော်ဥပဒေများကို ချမှတ်ထားခဲ့ပြီး၊ ရွေးကောက်ပွဲဆန့်ကျင်သူများကို သေဒဏ်ချမှတ်နိုင်သည့် ဥပဒေများကိုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

     မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲကို မွန်ညီညွတ်ရေးပါတီ(MUP) အပါအဝင်၊ ပြည်ထောင်စုအဆင့်  နိုင်ငံရေးပါတီများဖြစ်သည့် ပြည်သူ့ပါတီ(PP)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ အမျိုးသားတိုးတက်ရေးပါတီ(NDP) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks