Homeသတင်းညောင်လေးပင်တွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေ၊ ၆ ဦး ပြင်းထန်ဒဏ်ရာရ

ညောင်လေးပင်တွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေ၊ ၆ ဦး ပြင်းထန်ဒဏ်ရာရ

-

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး၊ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်သည်။

ဩဂုတ်လ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ၅၅ လုံး၊ ဒရုန်းဖြင့် ၃ လုံး ပစ်ခတ်ခဲ့ကြောင်း KNU က ဆိုသည်။

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးများသည့် ကျေးရွာများထဲ ကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ ဦးသေဆုံးကာ၊ ၆ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

အလားတူ ဆောထိမြို့နယ်တွင်လည်း ဇူလိုင်လ ၂၈ ရက်နေ့မှ ဩဂုတ်လ ၅ ရက်နေ့အထိ စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး စုစုပေါင်း ၁၉ လုံးခန့် ပစ်ခတ်ခဲ့သည်။

စစ်ကောင်စီတပ် အရပ်သားပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ညောင်လေးပင်ခရိုင်အတွင်းရှိ အရပ်သားပြည်သူများ နေ့စဉ်နှင့်အမျှ စိုးရိမ် ထိတ်လန့်မှုများဖြင့် အသက်ရှင်နေထိုင်နေကြရပြီး လုပ်ကိုင်စားသောက်ရန်အတွက် အခက်အခဲများ ကြုံတွေ့လျှက်ရှိသည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts