spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်ကွမ်းသီးနု ဈေးနှုန်းအတက်အကျမြန်နေပြီး တောင်သူနှင့် အဝယ်ဒိုင်များအရှုံးပေါ်

    ရေးမြို့နယ်ကွမ်းသီးနု ဈေးနှုန်းအတက်အကျမြန်နေပြီး တောင်သူနှင့် အဝယ်ဒိုင်များအရှုံးပေါ်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကွမ်းသီးနုဈေးနှုန်းအတက်အကျမြန်နေပြီး အရှုံးပေါ်နေကြသည်ဟု ကွမ်းသီးစိုက်တောင်သူနှင့် အဝယ်ဒိုင်များက ပြောသည်။

    ကွမ်းသီးနုတစ်ပိသာဈေးနှုန်းသည် ပြီးခဲ့သည့်မေလအတွင်း ၅၀၀၀ ကျပ်ဈေးရှိရာမှ ဇူလိုင်လကုန်ပိုင်းတွင် တစ်ပိသာ ၇၀၀၀ ကျပ်အထိဈေးပြန်မြင့်တက်သွားပြီး၊ သြဂုတ်လပထမအပတ်တွင် ၄၀၀၀ ကျော်သာ ပေါက်စျေးရှိနေသည်။

    တရုတ်စက်ရုံမှ ကွမ်းသီးနုဈေးနှိမ်ဝယ်ယူနေသည့် ပြီးခဲ့သည့်ဇွန်လအတွင်း ရေးမြို့နယ်ရှိ ကွမ်းသီးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အရောင်းအဝယ်ခေတ္တရပ်နားထားရန် သဘောတူညီခဲ့ကြောင်း သိရသည်။

    လက်ရှိတွင် တောင်သူများနှင့် အဝယ်ဒိုင်များ အရောင်းအဝယ်ပြန်လည်လုပ်ဆောင်ခဲ့သည်မှာ ၁၀ ရက်ခန့်သာရှိသော်လည်း တရုတ်စက်ရုံမှ ဈေးနှိမ်ဝယ်ယူခြင်းပြန်လည်လုပ်ဆောင်နေသဖြင့် အရောင်းအဝယ်ထပ်မံရပ်နားထားရသည်ဟု ရေးမြို့နယ်မှ ကွမ်းသီးအဝယ်ဒိုင်အမျိုးသမီးတစ်ဦးက ပြောသည်။

    “ဒီနေ့အဝယ်ရပ်လိုက်ရတယ် အခြေအနေကောင်းလို့ကျမတို့ပြန်ဝယ်တာ ၉ ရက်လောက်ပဲရှိတယ်၊ ခြံသမားတွေက သူတို့ခူးပြီးသွားပြီးဆိုရင်ရောင်းကြတယ်။ ဝယ်လိုက်တာပဲကိုယ့်ပိုက်ဆံကိုအရင်းခံဝယ်ဖြစ်တယ် အဲ့တာတွေကအကုန်ရှုံးပါတယ်။ အရင်နေ့တွေက ၆၈၀၀ နဲ့ဝယ်တာ ၆၀၀၀ ပဲစက်ရုံကယူတယ်၊ မနေ့ကဆို ၅၈၀၀ ဝယ်တာ ဒီနေ့ကျ ၄၅၀၀ ပဲယူတယ်ဆိုတော့ ဘာဈေးနဲ့မှမဝယ်ရဲဘူး ” ဟု ဆိုသည်။

    ထို့ကြောင့် ကွမ်းသီးနုများ အများအပြားမခူးဆွတ်ရန် တောင်သူများထံ သတိပေးထားပြီး၊ ဈေးကောင်းရသည့်အချိန်မှသာ ပြန်လည်ဝယ်ယူနိုင်မည်ဖြစ်သည်ဟု ဆက်ပြောသည်။

    ကွမ်းသီးနုခူးသူများပြားသဖြင့်  ကွမ်းသီးအဝယ်စက်ရုံတို့မှဈေးနှိမ်၊ဈေးကစားခြင်း ပြုလုပ်နေကြောင်း၊ တောင်သူများ စားဝတ်နေရေးအခက်အခဲကြောင့် ရသမျှဈေးဖြင့်ရောင်းချနေရကြောင်းလည်း ဓမ္မပါလရွာမှကွမ်းသီးစိုက် တောင်သူတစ်ဦးကဆိုသည်။

    “စက်ရုံတွေပဲဒီလိုလုပ်နေတာလား၊ ကွမ်းသီးခူးတဲ့သူတွေများတဲ့အချိန်ဆိုသူတို့ခဏအဝယ်ရပ်လိုက်နဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းကဆိုရင် ၇၀၀၀ ရှိနေသေးတယ်၊ အခု ဒီလက ၄၀၀၀၊၅၀၀၀ လောက်ပဲရတယ်၊ သုံးဖို့ရောင်းဖို့လိုတော့ ရောင်းလိုက်ရတာပဲ၊ သက်သက် ဈေးကစားနေတာပဲ ဈေးမမြှင့်ပေးချင်လို့ ” ဟု ပြောသည်။

    အထွေထွေကုန်ကျစရိတ်နှင့် အသုံးစရိတ်များကြောင့် ငွေလိုသည့်အခြေအနေအပေါ်မူတည်ပြီး ခူးဆွတ်ရောင်းချနေရသဖြင့် အရှုံးများနေကြောင်း ဆက်ဆိုသည်။

    ကွမ်းသီးနှင့် ကွမ်းအမှည့်များအရောင်းဝယ်ရပ်နားထားသဖြင့် အသီးများပုပ်သိုး ဆွေးမြေ့ခဲ့ရသည်။

     ဗီယက်နမ်နိုင်ငံသို့ ကွမ်းသီးနုပို့ဆောင်ရန် နယ်စပ်လမ်းကြောင်း အခြေအနေများ ခက်ခဲနေသည့်အပြင် တရုတ်ကုမ္ပဏီများတွင်လည်း ကွမ်းသီးနုအလုံအလောက်ရှိနေခြင်းကြောင့် ဈေးနှုန်းထပ်ကျမည်ကိုလည်း တောင်သူနှင့်အဝယ်ဒိုင်များ စိုးရိမ်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks