spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းKTLA ခြုံခိုတိုက်ခိုက်ခဲ့မှုကြာင့် KNLA တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရ

    KTLA ခြုံခိုတိုက်ခိုက်ခဲ့မှုကြာင့် KNLA တပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရ

    -

    ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာဒေသတွင် ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (တပ်မဟာ-၄) တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

    ဩဂုတ် ၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (တပ်မဟာ-၄) တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

    ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်များက ထီးခီးဒေသမှ တာအယ်(မေတ္တာ)မြို့အနီးတစ်ဝိုက် လုံခြုံရေး ယူရန် သွားနေစဉ် လမ်းတွင် ဗိုလ်အယ်ခွီး (ခ) ကော်လာဖိုး ဦးဆောင်သော ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (တပ်မဟာ-၄) တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks