ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်၊ ထီးမိုပွာဒေသတွင် ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (တပ်မဟာ-၄) တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
ဩဂုတ် ၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (တပ်မဟာ-၄) တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံရခြင်း ဖြစ်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ဖွဲ့ဝင်များက ထီးခီးဒေသမှ တာအယ်(မေတ္တာ)မြို့အနီးတစ်ဝိုက် လုံခြုံရေး ယူရန် သွားနေစဉ် လမ်းတွင် ဗိုလ်အယ်ခွီး (ခ) ကော်လာဖိုး ဦးဆောင်သော ကော်သူးလေအာမီ (KTLA) တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (တပ်မဟာ-၄) တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

