spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းဇင်းကျိုက်မြို့မှ Grade-10 ကျောင်းသူတစ်ဦး ၅ ရက်ကြာ ပျောက်ဆုံးနေ

    ဇင်းကျိုက်မြို့မှ Grade-10 ကျောင်းသူတစ်ဦး ၅ ရက်ကြာ ပျောက်ဆုံးနေ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ခလောက်အင်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ၅ ရက်ကြာသည်အထိ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေသည်ဟု မိဘအုပ်ထိန်းသူများထံမှ သိရသည်။

    ဇင်းကျိုက်မြို့ အထက်တန်းကျောင်း၊ ( Grade -10) တွင် ပညာသင်ကြားနေသည့် အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဩဂုတ် ၂ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်ခန့်က ခလောက်အင်းရပ်ကွက်နေအိမ်မှ ကျောင်းသို့သွားရန်  ထွက်ခွာလာစဉ် လမ်း၌ပျောက်ဆုံးခဲ့သည်ဟု သိရသည်။

    ထိုနေ့နံနက် ၁၀ နာရီတွင် စာသင်ကျောင်းသို့ မရောက်ရှိကြောင်း အတန်းပိုင်းဆရာမမှ မိဘများထံသို့ ဖုန်းဆက်မေးမြန်းမှသာ အဆိုပါအမျိုးသမီးငယ် ပျောက်ဆုံးနေသည်ကို သိရှိခဲ့ရပြီး ယနေ့အထိ ရှာဖွေမတွေ့ရှိသေးကြောင်း အမျိုးသမီးငယ်၏ မိခင်ဖြစ်သူက ဆိုသည်။

    ဓာတ်ပုံ-ဝရဇိန်ပေါင်

    “သမီးလေးပျောက်နေတာ ၅ ရက်ရှိနေပြီး ဘာအကြောင်းမှ မကြားရဘူး။ သမီးက အိမ်နဲ့ကျောင်းပဲသွားတာ ဘယ်နေရာမှ သွားလေ့မရှိဘူး။ သူငယ်ချင်းတွေလည်း သိပ်မရှိဘူး၊ ရိုးရိုးအေးအေးပဲနေတယ်။ သမီးကို လိုက်ရှာနေတုန်းပဲ၊ သမီးရဲ့ပုံတွေကိုလည်း မိတ္တူကူး ဖြန့်ဝေးထားတယ်” ဟု သူမကပြောသည်။

    သမီးဖြစ်သူ၏ လွယ်အိတ်ကို စာသင်ကျောင်းအနီးရှိ ရေကန်ဘေးတစ်နေရာတွင် တွေ့ရှိခဲ့သည်မှလွဲ၍ အခြားသတင်းအစအန မရရှိကြောင်းလည်း ဆိုသည်။

    ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်မှ ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ် ၅ ဦးထက်မနည်း ပျောက်ဆုံခဲ့ပြီး အချို့ကို ပြန်လည်တွေ့ရှိခဲ့သည်။

    စစ်မှုထမ်းလိုအပ်ချက်ကြောင့် စစ်ကောင်စီအဖွဲ့တို့ ပြည်သူများကို အတင်းအဓမ္မဖမ်းဆီးနေချိန်နှင့် တရားမဝင်ပြည်ပနိုင်ငံသားများ ၎င်းတို့လုပ်ငန်းအတွက် လူကုန်ကူးမှုလုပ်ဆောင်နေစဉ် အမျိုးသမီးများ၏ နေ့စဉ်ဘဝလုံခြုံရေး ဆိုးရွားလာကြောင်း BWU မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ဒီလိုနိုင်ငံရေးအခြေအနေမကောင်းတဲ့ကြားမှာ ပျောက်ဆုံးသွားတော့ ပိုစိတ်ပူရတယ်။ မိဘတွေဆို ဘယ်လောက်တောင် စိုးရိမ်းနေရမလဲ၊ ကိုယ်သမီးက စစ်မှုထမ်းမှာ ပါသွားလား၊ လူလိမ်ထိသွားလား၊ ဘယ်ရောက်နေလဲ ဘယ်လိုနေရာတွေမှာရှိနေလဲ မသိဘူးဆိုရင်၊ ဒီလိုအကြပ်အတည်းတွေကြာမှာ ပျောက်သွားတော့ ပိုစိုးရိမ်ရတယ်” ဟု ပြောသည်။

    ပျောက်ဆုံးပြီးနောက် ပြန်လည်တွေ့ရှိသည့် အမျိုးသမီးငယ်များသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေထိခိုက်မှု ပြင်းထန်နေသဖြင့် တစ်စုံတစ်ရာ မေးမြန်း၍မရသည့်အပြင် နာတာရှည်ရောဂါအဖြစ် ဆေးကုသမှု ခံနေကြရသည်။

    အမျိုးသမီးအရေးလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများက သက်ဆိုင်ရာအာဏာပိုင်များအား ပျောက်ဆုံးမှုများအပေါ် အချိန်မှီတုံ့ပြန်ဆောင်ရွက်ရန်နှင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဒဏ်ရာရသူများအား ကူညီထောက်ပံ့မှုများ လုပ်ဆောင်ရန်လည်း တိုက်တွန်းလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts