Homeသတင်းမွန်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက် တနိုင်ငံလုံးတွင် အကောင်းဆုံး

မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက် တနိုင်ငံလုံးတွင် အကောင်းဆုံး

-

မွန်ပြည်နယ်၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်သည် ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းဖြင့် တနိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးဖြစ်သည်ဟု ပြည်နယ် ပညာရေးမှူးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပညာရေးဝန်ကြီးဌာန၏ ဇူလိုင်လ ၂၇ ရက်နေ့ ထုတ်ပြန်သည့် တိုင်းနှင့် ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်စာရင် ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၈၉၇၂ ဦးရှိပြီး ၅၁၂၈ ဦး အောင်မြင်ခဲ့သည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၅၁၂၈ ဦးတွင် မော်လမြိုင်မြို့နယ်မှ ၁၆၃၁၊  မုဒုံမြို့နယ်မှ ၇၈၀၊ သံဖြူဇရပ်မြို့နယ်မှ ၆၁၅၊ သထုံမြို့နယ်မှ ၄၃၉၊ ပေါင်မြို့နယ်မှ ၃၉၇၊ ချောင်းဆုံမြို့နယ်မှ ၃၄၈၊ ကျိုက်ထိုမြို့နယ်မှ ၃၀၁ ဦး၊ ဘီးလင်းမြို့နယ်မှ ၂၆၀၊ ရေးမြို့နယ်မှ ၁၉၀ နှင့် ကျိုက်မရောမြို့နယ်မှ ၁၆၇ ဦး ပါဝင်သည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သူများထဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၃၉ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၉၇ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၆၀ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၂၆၆ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၉၈၈ ဦးသည်ဟု ပြည်နယ်ပညာရေးမှူးရုံး၏ စာရင်းများအရ သိရသည်။

ပုံမှန်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အရေအတွက် ၃၀၀၀၀ ကျော်အထိ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် ကျင်းပသည့် တက္ကသိုလ်ဝင်တန်းစာမေပွဲများတွင် ဖြေဆိုသူ ထောင်ကဏန်းသာ ရှိတော့သည်။

မွန်ပြည်နယ်သည် တနိုင်ငံလုံးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက်အကောင်းဆုံးဖြင့် ဆက်တိုက်ရရှိခဲ့သည့်ပြည်နယ်တစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာတော့ အောင်ချက် အဆင့် ၅ သို့ ကျသွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts