spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းအငြင်းပွားဖွယ်နယ်စပ်နေရာတွင် ထိုင်းနှင့်ကမ္ဘောဒီးယားတပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွား

    အငြင်းပွားဖွယ်နယ်စပ်နေရာတွင် ထိုင်းနှင့်ကမ္ဘောဒီးယားတပ်ဖွဲ့ကြား ပစ်ခတ်မှုဖြစ်ပွား

    -

    ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ စူရင်ပြည်နယ်၊ ဖနုမ်းဒုံရက်ခရိုင်၊ တာမွန်းဘုရားအနောက်ဘက်မှ မီတာ ၂၀၀ ခန့်အကွာတွင် ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်ခန့်က ထိုင်းနှင့်ကမ္ဘောဒီးယားစစ်သားများကြား နှစ်ဖက်ပစ်ခတ်မှုပွားခဲ့သည်ဟု သိရသည်။

    ပစ်ခတ်မှုမဖြစ်ပွားခင် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ထိုင်းဘုရင့်တပ်မတော် Suranaree Task Force (ဒုတိယတပ်ဖွဲ့)က တာမွန်းဘုရားအတွင်း နယ်စပ်ခရီးသွားလာမှု ပိတ်ပင်ထားကြောင်း သတင်းပေးပို့ရန် ကမ္ဘောဒီးယားဘက်သို့ နယ်စပ်ညှိနှိုင်းအဖွဲ့ပေးပို့ခဲ့ပြီး ညှိနှိုင်းမှုအဆင်မပြေသည့်အခြေအနေများ ဖြစ်ခဲ့သည်။

    ထိုကြောင့် ထိုင်းတပ်ဖွဲ့က နယ်မြေကျူးလွန်မှု မဖြစ်စေရေးအတွက် သံကြိုးတစ်မျိုးဖြင့် တာမွန်းဘုရားသွားရာ လမ်းကြောင်းနှင့် ပတ်လမ်းများကို ပိတ်ဆို့ခဲ့သည်။

    ထိုအချိန်တွင် ကမ္ဘောဒီးယားတပ်ဖွဲ့က လက်နက်အပြည့်အစုံဖြင့် ဘုရားအနီး၌ နေရာယူလာခဲ့ပြီး၊ ဒရုန်းတစ်စင်းနှင့်အတူ ဘုရားပတ်ဝန်းကျင်ကို စောင့်ကြည့်နေခဲ့သည်။

    ထို့နောက် ကမ္ဘောဒီးယားစစ်သား ၆ ဦး (RPGsကိုင်ထားသူတစ်ဦးအပါအဝင်) ထိုင်းတပ်ဖွဲ့၏ သံကြိုးချထားသည့်နေရာအနီးသို့ ချဉ်းကပ်လာကာ ထိုင်းဘက်မှ ညှိနှိုင်းရန် အော်ဟစ်ခဲ့သော်လည်း ရပ်တန့်၍ မရခဲ့ဟု ထိုင်းသတင်းဌာနမှ ဖော်ပြသည်။

    ထိုကြောင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နယ်စပ်ကျေးရွာတွင်နေထိုင်သည့် ပြည်သူတို့ လုံခြုံရေးကြောင့် ရွေ့ပြောင်းသွားလာမှုစတင်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

    အဆိုပါတိုက်ပွားကြောင့် ထိခိုက်သေဆုံးမှုရှိမရှိကို ထိုင်းဘုရင့်တပ်မတော်က အနီးကပ်စာင့်ကြည့်လျက်ရှိပြီး သတင်းအချက်အလက်များကို ပြည်သူများသို့ အချိန်နှင့်တပြေးညီ အသိပေးသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

    ဇူလိုင် ၂၃ ရက်နေ့တွင်မှာပင် ထိုင်းတပ်သားတဦးသည် နယ်စပ်ဒေသ၌ ကင်းလှည့်ဆောင်ရွက်စဉ် မြေမြုပ်မိုင်းနင်းမိခြင်းကြောင့် ခြေထောက်တဖက် ဆုံးရှုံးခဲ့ရပြီး အဆိုပါအခြေအနေကြောင့် ထိုင်း–ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆက်လက်တင်းမာနေခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks