spot_img
Tuesday, July 22, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီမှ စစ်မှုထမ်းလူငယ်အင်အားအတန်အသင့်ကို ဖြုန်းတီးနိုင်ခဲ့ဟု စစ်ရေးသုံးသပ်သူတို့ဆို

    စစ်ကောင်စီမှ စစ်မှုထမ်းလူငယ်အင်အားအတန်အသင့်ကို ဖြုန်းတီးနိုင်ခဲ့ဟု စစ်ရေးသုံးသပ်သူတို့ဆို

    -

    နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီမှ စစ်မှူးထမ်းအပတ်စဉ် ၁၅ အထိ လူငယ်များကို ရသမျှနည်းလမ်းဖြင့် အတင်းအဓမ္မ စုဆောင်းလျှက်ရှိပြီး တိုက်ပွဲအတွင်း အဆိုပါလူငယ်အင်အားတို့ကို အတန်အသင့် ဖြုန်းတီနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံတောင်ပိုင်းမှ လူအခွင့်အရေးနှင့် စစ်ရေးသုံးသပ်သူတို့က ဆိုသည်။

    စစ်အုပ်စု၏ သန်းခေါင်းစာရင်းအရ နိုင်ငံတစ်ဝှမ်းတွင် စစ်မှူးထမ်းရန်အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းရှိသည်ဟု ဖော်ပြထားပြီး စစ်မှုထမ်းအတွက် အပတ်စဉ်တစ်ခုတွင် လူဦးရေ ၅၀၀၀ နှုန်းဖြင့် ခေါ်ယူစုဆောင်းလျှက်ရှိသည်။

    ထို့သို့ စစ်မှုထမ်းသင်တန်းအတွင်း စုဆောင်းထားသည့် လူငယ်တို့ကို လိုအပ်သည့်စစ်မျက်နှာပြင်သို့ ပို့ဆောင်နေသဖြင့် တော်လှန်ရေးကာလရှည်ကြာလေ လူထုနစ်နာလေဖြစ်လာကြောင်း မြန်မာပြည်တောင်ပိုင်းမှ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ဆိုသည်။

    “နိုင်ငံအနှံ့မှာ စစ်မျက်နှာဖွင့်ထားတာမို့ conscription က စစ်သည်အင်အားတွေကို သူတို့လိုအပ်တဲ့ စစ်မျက်နှာပြင်တွေဆီပို့မှာ အသေချာပါပဲ ဥပမာ ဝဲကလိ တန်းမြင့်လေ့ကျင့်ကျောင်းအမှတ် ၄ က တပ်သားသစ်တွေကို ကရင်၊ မွန်၊ ထားဝယ်ဘက်ပို့တာနည်းပါတယ်၊ အလယ်ပိုင်းနဲ့ ကရင်နီဘက်တွေထိတောင်ပို့တယ်လို့ သိရတယ်။ အခုအပတ်စဉ် ၁၅ အထိကတော့ အတန်အသင့်တော့ စုဆောင်းဖြုန်းတီး ပြီးလောက်ပြီး၊ တော်လှန်ရေးကြာလာလေ နစ်နာလေဖြစ်နိုင်မယ်”ဟု ဆိုသည်။

    စစ်ကောင်စီမှ စစ်အင်အားကိုရရာနည်းလမ်းဖြင့်စုဆောင်းနေပြီး အများစုတို့ကို ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်နေပြီး၊ စစ်ကြောင်းထိုးမှု၊ ကင်းစခန်းနှင့် ဂိတ်စခန်း၊ တပ်စခန်းလုံခြုံရေးအတွက်လည်း အသုံးချလျှက်ရှိသည်။

    တိုက်ပွဲပြင်းထန်နေသည့် ကျုံးဒိုး-ကော့ကရိတ်တွင် KNU/PDFလက်ထဲမကျရေးအတွက် စစ်မှူးထမ်း အသစ်တို့ဖြင့်အင်အားဖြည့်တင်းနေသည်ကို လက်နက်ချ၊ ထွက်ပြေးမှုတို့ကို ကြည့်ခြင်းအားဖြင့် တပ်သားသစ်များကိုအသုံးချနေသည်ကို ခန့်မှန်းနိုင်ပြီး သေဆုံးသူတို့လည်းများစွာရှိနေသည်ဟု မြေပြင်ရောက် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

    “ အပတ်စဉ် ၁၅ ပတ်စဉ်အထိလုပ်ခဲ့ပြီးပြီးဆိုပေမဲ့ သူတို့သင်တန်းဆင်းတွေ အားလုံးက ၆၀ ရာခိုင်နှုန်းမကျန်ပါဘူး၊ ထွက်ပြေးတာ၊ သေတာ၊ အခြားတပ်တွေမှာလက်နက်ချလို့ တချို့တွေလက်နက်နဲ့ဝင်လာတယ်၊ လက်နက်ကို စွန့်ပြီးတော့သူတို့လွတ်ရာ ကျွတ်ရာကိုပြေးသွားတာများတယ်၊ အများဆုံးကတော့ ရှေ့တန်းစစ်မျက်နှာကိုပို့တာပဲ ရှမ်းမြောက်ပိုင်း ရခိုင်ဘက်မှာဆို AA ရဲ့ထိုးစစ်ကိုခံဖို့ အတွက်သုံးတယ် ” ဟု ၎င်းကပြောသည်။

    ထို့အပြင် ရှမ်းမြောက်တွင် တော်လှန်ရေးဘက်မှ အခြေအနေအကြောင်းကြောင့် စုစည်းညီညွတ်မှု အားနည်းနေသည့် အတွက် စစ်ကောင်စီဘက်မှအသာစီးရှိနေကြောင်း မွန်စစ်ရေးသုံးသပ်သူတစ်ဦးကဆိုသည်။

    အခြေအနေအကြောင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့တို့ စုစည်းညီညွတ်မှု အားနည်းလာချိန်တွင် လတ်တလော စစ်ကောင်စီဘက်မှ အားသာလာသော်လည်း၊ အရေးသာသွားခြင်း မဟုတ်ကြောင်းပြောသည်။

    "ကော့ကရိတ်-ကျုံးဒိုးမှာဆိုရင် တပ်ပေါင်းစုတွေက ရန်သူကိုမဖြိုခွင်းနိုင်ခဲ့ဘူး၊ မွန်ပြည်နယ်မှာဆို အပြင်ထွက်လာပြီတော့ စစ်ဆင်ရေးတွေ၊ နယ်မြေရှင်းလင်းရေး တွေလုပ်လာတာတွေ့ရတယ်၊ တစ်လောကပဲ ရေးဘီးလူးက သူတို့စခန်းငယ်ကို တိုက်တဲ့ အချိန်မှာဆိုရင် သူတို့အင်အားအလုံးအရင်းနဲ့ထွက်ပြီး စစ်ကူပေးတာတွေရှိတယ်။ စစ်ပန်းလာတာလည်းပါတယ် ၊ ပြည်သူတွေရဲ့ထောက်ပံ့မှုတွေဟာလည်း နည်းနည်းပင်ပန်းလာတဲ့အပေါ်မှာ အခုလို စကစကနည်းနည်းသာလာတယ်လို့ပြောလို့ရပေမဲ့ အရေးသာနေပြီးလို့တထစ်ချပြောလို့မရဘူး ”ဟု ၎င်းကပြောသည်။

    လတ်တလော မွန်ပြည်နယ်တွင် မည်သည့် အမှုကြီးငယ်မဆို သက်ဆိုင်ရာ ရဲစခန်း ရောက်သည်နှင့် စစ်မှူးထမ်းဦးရေ ပြည့်ရန်အတွက် မိမိ ဆန္ဒမပါဘဲအတင်းအဓမ္မသွတ်သွင်း ခံနေရသည်။

    နိုင်ငံတစ်ဝှမ်း ဆုံးရှုံးနယ်မြေများကိုပြန်လည်သိမ်းပိုက်ရရှိရေး ထိုးစစ်ကြီးများကို စတင်မည်ဖြစ်ပြီ၊ လေကြောင်း တိုက်ခိုက်မှုများအဆက်မပြတ်လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့်မေလအတွင်း စစ်ခေါင်းဆောင်မှ နေပြည်တော်တွင်ပြုလုပ်သည့်စစ်ရေးဆိုင်ရာအစည်းအဝေးတွင် ပြောဆိုထားသေးသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,900SubscribersSubscribe
    spot_img

    Latest posts