spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကိုဗစ်ချေးငွေ မွန်လုပ်ငန်းရှင်အချို့ ပြန်မဆပ်နိုင်သေး

    ကိုဗစ်ချေးငွေ မွန်လုပ်ငန်းရှင်အချို့ ပြန်မဆပ်နိုင်သေး

    -

    ကိုဗစ်ချေးငွေပေးဆောင်ရန် ကျန်ရှိနေသူတို့ကို အရေးယူမည်ဟု စစ်ကောင်စီတို့မှ ပြောဆိုထားပြီး မွန်ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်အချို့ ချေးငွေပေးဆောင်ရန် ကျန်ရှိနေသည်ဟု စီးပွါးရေးသတင်းရင်းမြစ်တို့မှ သိရသည်။

    တစ်နိုင်ငံအတိုင်းအတာဖြင့် ကိုဗစ်ကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွာရေးလုပ်ငန်းများအား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း ထုတ်ချေးပေးထားသည့် ငွေကျပ် ၂၀၀ ဘီလီယံအနက် ၇၅ ဘီလီယံခန့်သာ ပြန်လည်ကောက်ခံထားနိုင်သဖြင့် ပေးဆောင်ရန်ကျန်ရှိနေသည့်လုပ်ငန်းများကို အရေးယူသွားမည်ဟု စစ်ကောင်စီမှ ပြီးခဲ့သည့် ဇူလိုင် ၁၄ နေ့က ပြောဆိုထားသည်။

    ပြန်လည်ပေးဆောင်ရန် ကျန်ရှိနေသူတို့သည် စီးပွားရေးအခက်ခဲကြောင့်မဟုတ်ဘဲ တမင်တကာ ချန်လှပ်ထားခြင်းဖြစ်ပြီး အရေးယူခံရမည်ကို စိုးရိမ်မိကြောင်း ရော်ဘာလုပ်ငန်းရှင်အမျိုးသားတစ်ဦးက ဆိုသည်။

    “မပေးရတဲ့လုပ်ငန်းရှင်တွေလဲရှိသေးတယ်လို့ ကျနော်သိထားတယ်၊ ပေးရမဲ့လူတွေက မပေးပဲနဲ့ ခေါင်းမာမာနဲ့ နေလိုက်တာ မဆပ်တဲ့သူက သူတို့မှာတော့ အခက်အခဲမရှိဘူး မဆပ်ချင်လို့ပဲ။ ဘာလို့ဆို ချေးငွေရဲ့အတိုးနှုန်းက တအားနည်းတယ်လေ ၁ရာခိုင်နှုန်းပဲ ပေးရတယ်ဆိုတော့ တချို့‌ တွေကမပေးချင်ကြသေးဘူး” ဟု ပြောသည်။

    အဆိုပါ ကိုဗစ်ချေးငွေကို စိုက်ပျိုးရေး၊ ရော်ဘာ၊ ဆား၊ ငါး၊ ပုစွန်မွေးမြူ‌ရေးကဏ္ဍ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာကဏ္ဍများကို ထုတ်ချေးပေးထားသည်ဟု စစ်ကောင်စီမှ အချက်အလက်အရ သိရသည်။

    ထို့အပြင် ဆားလုပ်ငန်းရှင်အများစုတို့ ချေးငွေပြန်လည်ပေးဆောင်ပြီးဖြစ်ကြောင်းနှင့် ချေးငွေချေးယူရာတွင် ပြုလုပ်ရသည့် စာရွက်စာတမ်း အချက်အလက်များသဖြင့် ယူဆောင်ထားသူလည်း နည်းနေကြောင်း သံဖြူဇရပ်မှ ဆားလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးက ဆိုသည်။

    "ကျမတို့ ချေးထားတာကလဲ ကိုဗစ် ချေးငွေပဲ ဆားလုပ်ငန်းရှင်တွေက ပြန်မပေးတာတော့ မကြားဘူး၊ ဘာလို့ဆို ဆားလုပ်ငန်းကလူတွေအကုန်လုံးက ချိတ်ဆက်နေကြတယ် ငါးယောက်တစ်စုနဲ့လုပ်ထားတာ ပြန်ပေးတဲ့အချိန်မှာလဲ အကုန်ပြန်စုပြီး‌ပေးရမှာဆိုတော့ ချေးငွေကရထားတာမတူဘူးတချို့က လုပ်ငန်းလိုင်စင်မရသေးလို့ ချေးငွေမရသေးတာရှိတယ် အချက်အလက်မပြည့်ဘူးဆိုတော့ ချွေးငွေက အချက်လက်များတယ် ဝင်ငွေထွက်ငွေတို့ အချက်လက်တွေ အများကြီးယူရတယ် လုပ်ငန်လိုင်စင်တစ်ခုနဲ့လဲမပြီးဘူး အချက်လက်တွေအစုံယူရတယ်"ဟု ပြောသည်။

    ကိုဗစ်ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးသက်ရောက်မှုများကို ကုစားရန် ချေးငွေသက်တမ်း ၁ နှစ်(အတိုးနှုန်း ၁ %) ဖြင့် "ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ" မှ ၂၀၂၀ ပြည့် ဧပြီလတွင် ချေးငွေများထုတ်ချေးခဲ့သည်။

    ချေးငွေသက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးနောက် စုစုပေါင်း ၃ နှစ်ကြာသည်အထိ ချေးငွေသက်တမ်းများ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီးနောက် ၂၀၂၄ ဇူလိုင်လတွင် ချေးငွေများကို ပြန်လည်ပေးဆောင်ရန် စစ်ကောင်စီတို့မှ ပြောဆိုလာသည်။

    ကိုဗစ် ချေးငွေထုတ်ယူထားသည့် လုပ်ငန်းတို့အနက် ငလျင်ဘေးဒဏ်ကြောင့် အမှန်တကယ် ထိခိုက်ခံစားခဲ့ရသည့် လုပ်ငန်းများမှလွဲ ကျန်လုပ်ငန်းများကို အရေးယူမည်ဟု ကိုဗစ်ကုစားရေးလုပ်ငန်း ညှိနှိုင်းရေးကော်မတီ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks