spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းသံလွင်တံတား( မော်လမြိုင်) ဖြတ်သန်းချိန် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်းသို့ ပြောင်းလဲသတ်မှတ်

    သံလွင်တံတား( မော်လမြိုင်) ဖြတ်သန်းချိန် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်းသို့ ပြောင်းလဲသတ်မှတ်

    -

    မွန်ပြည်နယ်၊ သံလွင်တံတား( မော်လမြိုင်) ဖြတ်သန်းချိန်ကို ယနေ့ဇူလိုင် ၁၆ ရက်နေ့မှစ၍ မနက် ၆ နာရီမှ ည ၈ နာရီအတွင်းသို့ ပြောင်းလဲသတ်မှတ်ထားကြောင်း ဖြတ်သန်းသွားလာနေသူတို့၏ ပြောပြချက်အရ သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သံလွင်တံတား( မော်လမြိုင် )ကို မနက် ၅ နာရီမှ ညနေ ၉ နာရီအထိ ဖြတ်သန်သွားလာခွင့်ပြုထားရာမှ၊ လက်ရှိတွင် လုံခြုံရေးအခြေအနေအရ ညပိုင်းသွားလာခွင့်မပြုစေလိုသည့် သဘောဖြင့် ထပ်မံ ကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု စစ်တပ်နှင့်နီးစပ်သည့်သတင်းအရင်းအမြစ်တို့က ဆိုသည်။

    အဆိုပါပြောင်းလဲကန့်သတ်ချက်တို့ကြောင့် ကုန်စည်စီးဆင်းမှုအတွက် အချိန်နှောင့်နှေးနိုင်သည့်အပြင် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ လူနာမပါရှိဘဲဖြတ်သန်းခွင့် ရရှိနိုင်တော့မည်မဟုတ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။

    “အစက မနက် ၅ နာရီကနေ ၉ နာရီ၊ အခုလုံခြုံရေး အရ ဆိုပြီးမနက် ၆ နာရီမှ ၈ နာရီပြောင်းလဲတယ်၊ လူနာပါရင်တော့ပေးဖြတ်တယ်၊ အဲ့အချိန်တွေက သွားလာတဲ့သူနည်းပါတယ်၊ မနက် ၆ နာရီဆို နည်းနည်းအဆင်မပြေဘူး၊ ခရီးနှောင့်နှေးစေတယ်၊ တစ်နာရီပဲကွာလာတယ်ဆိုပေမဲ့ ရန်ကုန်ကို လူနာသွားပို့တဲ့အခါက ၄ နာရီမှထွက်လာလို့ရှိရင် ၈ နာရီမှ သံလွင်တံတားရောက်မယ် မမှီတော့ဘူးဖြတ်လို့မရတော့ဘူး ” ဟု၎င်းကပြောသည်။

    ထို့အပြင် တံတားစစ်ဆေးရေးဂိတ်တို့တွင်  ယခုရက်ပိုင်းအတွင်း လုံခြုံရေးအင်အား တိုးမြှင့်ထားသည်ဟုလည်း ကြားသိရသည်။

    အချိန်ကန့်သတ်ပြောင်းလဲသတ်မှတ်ထားခြင်းကို သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူတို့မှ အတည်ပြုပြောကြားလိုက်ခြင်းမရှိသေးကြောင်း စစ်တပ်နီးစပ်သူတစ်ဦးက ဆိုသည်။

    “ ရဲတွေ၊မြို့နယ်အုပ်ချုပ်ရေးမှူးတွေ သူတို့မသိသေးဘူးလို့ပဲ ဖြေတယ်၊ တရားဝင်ထုတ်ပြန်တာတော့မရှိသေးဘူး၊ လုံခြုံရေးအားနည်းတယ်လို့ပဲ ပြောတယ်၊ ညဘက်ကိုလုံးဝမပေးသွားစေချင်တာ မော်လမြိုင်တံတားက ဒေသခံတွေရဲ့ကုန်စည်စီးဆင်းမှုအပိုင်းရယ်၊ ကျန်းမာရေးအပိုင်း ဆေးရုံပို့ဖို့တာတွေလည်းရှိတာပေါ့နော် ”ဟု ၎င်းကပြောသည်။

    စစ်အာဏာသိမ်းနောက်ပိုင်း သံလွင်တံတား( မော်လမြိုင်) ညပိုင်း ဖြတ်သန်းချိန်ကို မကြာခဏ ပြောင်းလဲသတ်မှတ်နေ၍ ရန်ကုန်- မော်လမြိုင်ယာဉ်လိုင်းများ ခရီးစဉ်အချိန်ကို လိုက်လံပြောင်းလဲ၍ ပြေးဆွဲနေရသည်။

    လက်ရှိတွင် သံလွင်တံတား(ဘားအံ)ကိုလည်း နံနက် ၆ နာရီမှ ည ၇ နာရီအတွင်းသာဖြတ်သန်းသွားလာခွင့်ပြုထား ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks