spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် မြို့နယ် ၇ ခုမှာ အမျိုးသားတိုးတက်ရေးပါတီက ပါတီရုံး ဖွင့်လှစ်ထား

    မွန်ပြည်နယ် မြို့နယ် ၇ ခုမှာ အမျိုးသားတိုးတက်ရေးပါတီက ပါတီရုံး ဖွင့်လှစ်ထား

    -

    မွန်ပြည်နယ်အတွင်းက မြို့နယ် ၇ မြို့နယ်တွင် ပါတီရုံးဖွင့်လှစ်ထားကြောင်း အမျိုးသားတိုးတက်ရေးပါတီ (NDP) တာဝန်ရှိသူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ပေါင်နှင့် သထုံမြို့နယ်တို့တွင် ပါတီရုံးဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ကျန်မြို့နယ်များတွင် လုံခြုံရေးအခြေအနေကြောင့် ပါတီရုံးဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း ပါတီတာဝန်ရှိသူတစ်ဦးက ပြောသည်။

    “မွန်ပြည်နယ်အတွင်းမှာ ကျန်ရှိနေတဲ့ ကျိုက်ထို၊ ဘီးလင်း နဲ့ ရေးမြို့နယ်တွေမှာတော့ လုံခြုံရေးအခြေအနေအရ မြို့နယ်ပါတီရုံးဖွင့်ဖို့အတွက်ကို ချင့်ချိန်နေပါတယ်။ လုံခြုံရေးအခြေအနေကောင်းမွန်လာရင်တော့ မြို့နယ်ပါတီရုံးတွေ ဖွင့်လှစ်သွားမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

    လတ်တလောတွင် အမျိုးသားတိုးတက်ရေးပါတီ (NDP) အနေဖြင့် ပြည်သူလူထု၏ အခက်အခဲများကို ဥပဒေနှင့်အညီ အတတ်နိုင်ဆုံး ညှိနှိုင်းဖြေရှင်းပေးနေကြောင်းလည်း ဆိုသည်။

    ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီများဖြစ်ကြသည့် ပြည်သူ့ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ပြည်သူ့ရှေ့ဆောင်ပါတီ အစရှိသည့် ပါတီတို့က မြို့နယ်ရုံးများ လိုက်လံဖွင့်လှစ်နေပြီး ရွေးကောက်ပွဲအတွက် ပါတီစုစည်းတာတွေလည်း လုပ်ဆောင်နေကြသည်။

    စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ချပေးထားသည့်စာရင်းအရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ၉ ပါတီရှိသော်လည်း လတ်တလောတွင် ပါတီ အနည်းအကျဉ်းတို့ကသာ မြို့နယ်ရုံးများ ဖွင့်လှစ်နေသည်။

    စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်အဆင့်တွင် ဝင်ပြိုင်မည့် မွန်ညီညွတ်ရေးပါတီ(MUP) နှင့် ပြည်ထောင်စုတစ်ဝန်းလုံးတွင် ဝင်ပြိုင်မည့်ပါတီ ၉ ပါတီနှင့်ဆိုလျှင် မွန်ပြည်နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီ ၁၀ ပါတီခန့် ရှိနိုင်သည်။

    စစ်ကောင်စီက အထွေထွေရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာလနှင့် (၂၀၂၆) ခုနှစ် ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်သွားမည်ဟု စစ်ကောင်စီခေါင်းဆောင်က ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks