spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းနောင်ချိုမြို့တွင်းအထိ စစ်ကောင်စီတပ် ရောက်ရှိလာ

    နောင်ချိုမြို့တွင်းအထိ စစ်ကောင်စီတပ် ရောက်ရှိလာ

    -

    တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့တွင်းအထိ စစ်ကောင်စီ တပ်ဖွဲ့များ ရောက်ရှိလာပြီးဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

    စစ်ကောင်စီအနေဖြင့်လည်း နောင်ချိုမြို့ ပြန်လည်ရရှိရေး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းပစ်ကူများဖြင့် အင်အားအလုံးအရင်း ထိုးစစ်ဆင် တိုက်ခိုက်နေသည်ဟု သိရသည်။

    စစ်ကောင်စီက နောင်ချိုကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေပြီး အပြည့်အဝ ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေဟု ကြားသိရကြောင်း တအာင်း (ပလောင်) အမျိုးသားပါတီ (TNP) မှ ဒုဥက္ကဋ္ဌ ၂ ဦးအေးမောင်က ပြောသည်။

    “မနေ့ညက တက်လာတဲ့ သတင်းပေါ့နော်၊ အဲဒီဂုတ်တွင်းတံတားတော့ ချိုးပလိုက်ပြီပေါ့နော်၊ ကားကြီး၊ ကားသေးသွားလာတာတွေတော့ အကုန်ပိတ်လိုက်ပြီပေါ့။ ဆိုတော့ နောင်ချို မနေ့ကသတင်းနဲ့ ဒီနေ့သတင်းအရ နောင်ချိုထဲမှာတော့ အကုန်လုံး ဝင်စီးတာတော့ အကုန်လုံး ဝင်ယူသွားတာတော့ မရှိသေးဘူးပေါ့နော်၊ မြို့ထဲတော့ နီးတော့ နီးလာပြီပေါ့၊ လက်ရှိ အကုန်ထိန်းချုပ်နိုင်တဲ့ အဆင့်တော့ မရှိသေးဘူး။ ကျနော်ကြားရတဲ့ သတင်းအရပေါ့နော်” ဟု ၎င်းက ပြောသည်။

    စစ်ရေးပြင်းထန်နေသော ရှမ်းမြောက်ရှိ နောင်ချို – ကျောက်မဲဖက်သွား ဂုတ်တွင်းတံတားလည်း ဇူလိုင် ၁၄ ရက်နေ့က မိုင်းထောင်ဖျက်ဆီးခံရကြောင်း ဒေသခံတွေထံက သိရပါတယ်။

    နောင်ချိုမြို့နယ်ရှိ ရွှေပြည်ညွန့်၊ ကျောက်တော၊ ကုန်းစံ၊ ပန်လန်းနှင့် ကျောက်ကြမ်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၈၂ လုံး၊ ဒရုန်းဖြင့် ဗုံး ၅၇ လုံးတို့ကို ပစ်ကူတိုက်ခိုက်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

    နောင်ချို့မြို့ကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်သွားသည့်အခြေအနေတွင် ရှိနေကြာင်း၊ တော်လှန်ရေးအင်အားစုဖက်က ပြန်ဆုတ်ရကြောင်း ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

    “သူတို့ကတော့ ဟုတ်တယ်ဗျ၊ ပြန်သိမ်းပြီးပါပြီ။ ပြန်သိမ်းပြီးပြီဆိုတော့ နယ်မြေရှင်းလင်းဖို့ နည်းနည်း ကျန်တာပေါ့နော်။ ဒါကတော့ စစ်ဆင်ရေးတစ်ခုရဲ့ ဆင့်ကဲအနေအထားတွေပါပဲ။ ပြန်တော့ သိမ်းပြီးပါပြီ။ ပြီးသလောက်ဖြစ်သွားတာပေါ့နော်၊ ဆုတ်ပေးလိုက်ရတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကလည်း အတားအဆီးတွေ လုပ်ခဲ့မှာပေါ့။ ဒါဟာ စစ်ဆင်ရေးတစ်ခုရဲ့ ပုံမှန်အနေအထားတွေပါ” ဟု ပြောသည်။

    စစ်ကောင်စီက နောင်ချိုမြို့ကို ပြန်ရရှိသွားသည့်အတွက် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

    တစ်ဖက်မှာလည်း နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ပေါ်တာဆွဲခံထားရသော တပ်သားအများအပြား အလင်းဝင်ရောက်မှုများ ရှိနေကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) က ထုတ်ပြန်ထားသည်။

    လက်ရှိ စစ်ကောင်စီ နှင့် တိုက်ပွဲဖြစ်ပွားနေသော တိုက်ပွဲအတွင်း TNLA မဟာမိတ်တပ်ဖွဲများဖြစ်သော DPLA၊ မန္တလေး – PDF များပါဝင်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks