spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်တွင် ပရဟိတအသင်းသား ၂  ဦး ဓားဖြင့်ခုတ်ခံရ၍ ပြင်းထန်ဒဏ်ရာရရှိ

    ရေးမြို့နယ်တွင် ပရဟိတအသင်းသား ၂  ဦး ဓားဖြင့်ခုတ်ခံရ၍ ပြင်းထန်ဒဏ်ရာရရှိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်‌ကျေးရွာမှ ရွှေင်္ဟသာလူမှုကူညီ‌ရေးအသင်းသားနှစ်ဦးကို အမျိုးသား ၄ ဦးမှ ဓားဖြင့် လိုက်ခုတ်၍ အသင်းသားတစ်ဦး  ပြင်ထန်ဒဏ်ရာရရှိခဲ့သည်ဟု  ဒေသခံတိုပြောပြချက်အရ သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ ည ၆ နာရီဝန်းကျင်တွင် လမိုင်းမြို့မှ ဆိုင်ကယ်စီးနင်းလာသည့် ပရဟိတ အသင်းသားနှစ်ဦးကို ‌အမျိုးသား ၄ ဦးမှ ဆိုင်ကယ်၂ စီးဖြင့် အနောက်မှ လိုက်လာ၍ မော့ကနင်ကျေးရွာ ကော့လဝဲရပ်ကွက်အရောက်တွင် အသင့်ပါလာသည့် ဓားဖြင့်လိုက်ခုတ်ခဲ့သည်။

    ထို့ကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အသက် (၁၇)နှစ်အရွယ်  ရွှေဟင်္သာလူမှုကူညီရေးအသင်းသားမှ  ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်အနောက်မှ စီးနင်းလာသည့် အသက် (၂၇) နှစ်အရွယ် မောင်လင်းထက်မောင်တွင် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာမရရှိခဲ့ဟု သိရသည်။

    “သူတို့နောက်ကနေလိုက်လာတာ လမိုင်းကနေထွက်လာကတည်းက ဆိုင်ကယ်မောင်းတဲ့သူက သူသတိထားမိတယ်။ ဒါပေမဲ့ ရွာရောက်နေပြီးဆိုတော့ အေးအေးဆေးဆေးနဲ့ သွားနေတာပေါ့၊ ဒီကော့လဝဲရက်ကွက်အရောက်မှ ဓားနဲ့လိုက်ခုတ်တာ ဆိုင်ကယ်မောင်းတဲ့အသင်းသားက ခေါင်းမှာ နှစ်ချက်ထိသွားတယ် အများကြီးကွဲသွားတယ်ပေါ့” ဟု ရေးဒသခံ အမျိုးသားတစ်ဦးက ပြောသည်။

    ထို့နောက် အမျိုးသား ၄ ဦးတို့သည် လမိုင်းမြို့ဘက်သို့ ပြန်လည်ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

    ပြင်ထန်ဒဏ်ရာရရှိခဲ့သည့် အသင်းသားသည် လက်ရှိ လမိုင်းဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိရာ ကျုးလွန်ခဲ့သူ အမျိူးသား ၄ ဦးကို အမှုဖွင့် တိုင်ကြားထားသည်ဟုလည်း ရွှေင်္ဟသာလူမှုကူညီ‌ရေးအသင်းသားတစ်ဦးက ပြောသည်။

    “ အဲ့လူတွေက လမိုင်းကဆိုတာ‌သေချာတယ် ဘာလို့ဆို ဆေးရုံးမှာရှိနေချိန်တုန်းကလဲ သူတို့က ရွှေင်္ဟသာလူမှုကူညီ‌ရေးအသင်းသားတစ်ယောက် ထိသွားပြီးလို့ ဆေးရုံးရှေ့မှာ ဆိုင်ကယ်နဲ့ပတ်ပြီး အော်သွားသေးတယ်” ဟု ပြောသည်။

    အဆိုပါ ကျူးလွန်ထားသူတို့သည် မည်သူမည်ဝါ ဖြစ်ကြောင်းကို CCTV မှတ်တမ်းတို့တွင် တွေ့ရှိထားပြီးဖြစ်သဖြင့် ကိုယ်တိုင်ဝန်ခံတောင်းပန်ရန်လည်း ရွှေဟင်္သာလူမှုကူညီရေးအသင်းမှ ၎င်းတို့လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် တိုက်တွန်းထားသည်။

     ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့တွင် မော့ကနင်ကျေးရွာ၊ ကော့လဝဲရပ်ကွက်‌ နေအိမ်အတွင်း နေထိုင်နေသည့် လင်မယားနှစ်ဦးကို အရပ်ဝတ်ဝတ်ဆင်ကာ မျက်နှာအုပ်ထားသည့် အမည်မသိ လူ ၅ ဦးတို့မှ တုတ်ဖြင့်ဝင်ရောက်ရိုက်နှုက်မှု ဖြစ်ပွားခဲ့သည်။

    စစ်အာဏာသိမ်းပြီးနောက် လမိုင်းမြို့ပေါ် ရဲစခန်း ပုံမှန်ဖွင့်လှစ်ခြင်းမရှိဘဲ လက်ရှိတွင် စခန်းပိတ်ထားပြီး ရဲတပ်ဖွဲ့ဝင်များမှ မော့ကနင်ကျေးရွာအခြေစိုက်တပ်စခန်းသို့ ပြောင်းရွေ့ထားသည့်အတွက် တိုင်တန်းရန် အခက်ခဲရှိနေကြောင်း၊ အဆိုပါ ဒေသအတွင်း တရားဥပဒေစိုးမိုးမှု အားနည်းနေခြင်းကြောင့် ခိုးဆိုလုယက်မှုနှင့် သတ်ဖြတ်မှု ဆက်တိုက်ဖြစ်ပွားလျှက်ရှိသည်။

     ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်းတွင် လုပ်ကြံသတ်ဖြတ်ခံရမှုများကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၆ ဦး ဒဏ်ရာရရှိခဲကြောင့် IMNA မှ စုဆောင်းထားသည့် သတင်းအချက်အလက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks