spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းမွန်နှင့်ကရင်အစပ်ရှိ စာသင်ကျောင်းတို့တွင် လုံခြုံရေးအရ အရပ်ဝတ်ဖြင့်ကျောင်းတက်နေရ

    မွန်နှင့်ကရင်အစပ်ရှိ စာသင်ကျောင်းတို့တွင် လုံခြုံရေးအရ အရပ်ဝတ်ဖြင့်ကျောင်းတက်နေရ

    -

    မွန်နှင့်ကရင်ပြည်နယ်အစပ်တွင် စစ်ကောင်စီအခြေခံပညာကျောင်းအများစု ဖွင့်လှစ်နိုင်သော်လည်း လုံခြုံရေးအရ အရပ်ဝတ်စုံဖြင့်သာ ကျောင်းတက်နေရသည်ဟု ကော့ဘိန်းဒေသခံတစ်ဦးက ပြောသည်။

     အရပ်ဝတ်(သို့မဟုတ်) တိုင်းရင်းသားဝတ်စုံတို့ဖြင့် ကျောင်းတက်ရန် မွန်- ကရင် နယ်စပ်ဒေသတစ်ဝိုက်လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့မှ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှုးတို့ထံ သတိပေး ပြောဆိုထားကြောင်း သိရသည်။

    “မွန်ရွာတွေမှာဆိုရင် တနင်္လာနေ့တိုင်း မွန်ဝတ်စုံဝတ်တယ်၊ ကရင်ကျောင်းတွေမှာဆိုရင် ကရင်ဝတ်စုံ ဝတ်ရတယ်၊ ကျန်တဲ့နေ့တွေမှာဆိုရင် အရပ်ဝတ်နဲ့တက်ကြတယ် ကျောင်းစိမ်းအင်္ကျီနဲ့လည်း တက်တာရှိတယ်။ အဲလိုပေါ့နော် ကျောင်းဆိုပေမဲ့ အဲ့လိုအခြေအနေဖြစ်နေတယ်" ဟု ကော့ဘိန်းဒေသခံက ပြောသည်။

    စစ်ကောင်စီအဖွဲ့တို့၏ ဌာနဆိုင်ရာ ယန္တယားများ မလည်ပတ်နိုင်ရန် ဒေသတွင်းတော်လှန်ရေးအဖွဲ့တို့မှ တားဆီးလိုသည့်သဘောဖြင့် အရပ်ဝတ်ဖြင့် ကျောင်းတက်ရန် ညွှန်ကြားထားကြောင်းလည်း ဒေသခံတို့က ဆိုသည်။

     ထို့အပြင် ကျောင်းအတွင်း တိုင်းရင်းသားစာပေ ပိုမိုသင်ကြားရန်နှင့် တိုင်းရင်းသားဘာသာစကားဖြင့် သုံးနှုန်းပြောဆိုရန် တိုက်တွန်းထားသည်ဟုလည်း ကော့ဝမ်းမှကျောင်းဆရာတစ်ဦးက ပြောသည်။

    “ကျနော်တို့မှာ အရပ်ဝတ်နဲ့တက်နေရတဲ့ ကျောင်း ၅ ကျောင်းလောက်ရှိတယ်၊ ဒီကော့ကရိတ်မြို့နယ်အတွင်း လှုပ်ရှားနေတဲ့တော်လှန်ရေးအဖွဲ့တွေက တိုင်းရင်းသားဘာသာ စကားကို ပေးသင်ခိုင်းတယ်၊ မွန်ရွာဆိုရင် မွန်စာသင်ရမယ်၊ ကရင်ကျောင်း ဆိုရင်ကရင်စာပေါ့ အရင်ကလည်း သင်နေကျပါပဲ၊ တစ်ချိန်လောက်တော့သင်တယ်”ဟု ၎င်းကပြောသည်။

    ထို့ကြောင့် လက်ရှိဂျိုင်းမြစ်ဝှမ်း ဒေသတစ်လျှောက်ရှိ ဖွင့်လှစ်ထားသည့် အခြေခံပညာကျောင်းတို့တွင် ဆရာ၊ ဆရာမ အပါအဝင် ကျောင်းသား အများစုတို့ အရပ်ဝတ်ဖြင့်ကျောင်းတက်နေပြီး စာသင်ချိန်တို့ကိုလည်း  မနက် ၉ နာရီနှင့် ညနေ ၂ နာရီအတွင်းသာ ဖွင့်လှစ်သင်ကြားနေသည်။

    တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ရွာအစွန်အဖျားရှိ စာသင်ကျောင်းနှင့် နီးသည့်နေရာတို့တွင် တပ်စွဲထားပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ ဒရုန်းဖြင့်တိုက်ခိုက်မှုရှိနေခြင်းကြောင့် ကျောင်းသား၊ကျောင်းသူတို့အတွက် လုံခြုံမှုမရှိနေကြောင်း ဒေသခံတို့က ဆိုသည်။

    မွန်- ကရင် ဂျိုင်းမြစ်ဒေသတစ်လျှောက်တွင် အထက်တန်းကျောင်းအပါဝင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀ ခန့်ရှိနေပြီး စာသင်ကျောင်းအားလုံးဖွင့်လှစ်ထားသော်လည်း စာသင်နှစ် ဆုံးခန်းတိုင်သည်အထိ မသင်ကြားနိုင်မည်ကို ဒေသခံတို့ စိုးရိမ်လျှက်ရှိသည်။

    ပြီးခဲ့သည့် ဇွန်လ ၉ ရက်နေ့က ကော့ကရိတ်မြို့နယ် ပိုင်ရပ်ကျေးရွာအတွင်းသို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တစ်နိုင်တစ်ပိုင် စာသင်ကျောင်းမှ ကလေးငယ် ၃ ဦးနှင့် ကျောင်းဆရာမတစ်ဦး ဗုံးစထိမှန်ပြီး သေဆုံးသွားခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks