spot_img
Thursday, July 10, 2025
More
    spot_img
    Homeသတင်း၂၈ နှစ်ကြာ လက်လွှက်ခဲ့ရသည့် ထီးကပလယ်စခန်းကို KNU ပြန်သိမ်း

    ၂၈ နှစ်ကြာ လက်လွှက်ခဲ့ရသည့် ထီးကပလယ်စခန်းကို KNU ပြန်သိမ်း

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်က ၂၈ နှစ်ကြာ လက်လွှတ်ခဲ့ရသည့် ထီးကပလယ်တပ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သည်။

    စစ်ကောင်စီတပ်များ ဝင်ရောက်ကျူးကျော်တပ်စွဲထားသည့် ထီးကပလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၂၂ ရက်နေ့က ပြန်လည် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

    KNU က မာနယ်ပလောဌာနချုပ်မှ ဆုတ်ခွာရပြီးနောက် ထီးကပလယ်စခန်းကို ဌာနချုပ်သစ်အဖြစ် ၁၉၉၅ ခုနှစ် မေလခန့်က ပြောင်းရွှေ့ တည်ထောင်ခဲ့သော်လည်း ၂ နှစ်မပြည့်မီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က ထပ်မံ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

    ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို KNU ပူးပေါင်းတပ်ဖွဲ့တို့က တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်နေပြီး လက်ရှိတွင် တပ်စခန်း အနည်းငယ်သာကျန်ရှိတော့သည်ဟု သိရသည်။

    ပုံစာ- ထီးကပလယ်တပ်စခန်းကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့သည် KNLA၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့

    ပုံခရက်တစ် – KNU

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,700SubscribersSubscribe
    spot_img

    Latest posts