spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရ

    ကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး နှစ်ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ချက်အရ သိရသည်။

    စစ်ကောင်စီတပ် အမှတ် (၄၄) ခြေမြန်တပ်မဌာနချုပ်နှင့် လက်အောက်ခံ ခမရ-၃ တပ်စခန်းတို့မှ ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာထဲကို လက်နက်ကြီး ၁၂၀ မမ၊ ၈ လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးများအနက် နှစ်လုံးသည် ကျေးရွာနေအိမ်ကြား ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ဒေါ်အေးဆန်းဆိုသူက လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ၎င်းပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့သည်။

    ယင်းနေ့ ညနေ ၅ နာရီဝန်းကျင်အချိန်တွင်လည်း စစ်ကောင်စီ ခမရ-၃ တပ်စခန်းမှ အလူးကြီးကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီး နှစ်လုံး ပစ်ခတ်ခဲ့ရာ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာနေ အသက် ၃၀ နှစ်အရွယ် မဝါဝါဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ကျိုက်ထိုမြို့တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီ တပ်မ-၄၄ နှင့် လက်အောက်ခံ တပ်ရင်း၊ တပ်စခန်းတို့က ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုရှိရာ နေရာများထဲကို လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသည့်အပြင် စစ်ကြောင်းထိုး ဝင်ရောက်မှုများရှိနေသည်။

    ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့က အရပ်သားပြည်သူများအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုများ ကျူးလွန်လျက် ရှိနေကြောင်း KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks