Homeသတင်းမော့ကနင်ရွာက အမျိုးသားတစ်ဦးကို PDF နှင့် ဆက်စပ်သည်ဆိုပြီး စစ်တပ် ဖမ်းဆီး

မော့ကနင်ရွာက အမျိုးသားတစ်ဦးကို PDF နှင့် ဆက်စပ်သည်ဆိုပြီး စစ်တပ် ဖမ်းဆီး

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာက လူလတ်ပိုင်းအမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မော့ကနင်ကျေးရွာမှ အသက် ၄၀ နှစ်အရွယ်ရှိ ကိုဖိုးတုတ်ဆိုသူကို ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းက မော့ကနင်းကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်-၁၀၆ တပ်ရင်းမှ တပ်ဖွဲ့ဝင်တို့က နေအိမ်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ကိုဖိုးတုတ်သည် ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နှင့် ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကိုဖိုးတုတ်သည် YPDF တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်သော်လည်း အဖွဲ့မှ နုတ်ထွက်သွားသည်မှာ  တစ်နှစ်ကျော်ရှိပြီးဖြစ်သည်ဟု YPDF တပ်ရင်းမှူး ဗိုလ်ရန်နိုင်က ပြောသည်။

“အရင်ကတော့ ကျနော်တို့ရဲ့ YPDF အဖွဲ့ဝင်တစ်ယောက် ဖြစ်တယ်ပေါ့နော်။ ဒါပေမဲ့ သူက YPDF ကနေ နုတ်ထွက်သွားတာက တစ်နှစ်ကျော်နေပါပြီ။ မနေ့က ညနေပိုင်းမှာ ခလရ ၁၀၆ က လာရောက်ဖမ်းဆီးလိုက်တယ်။ အခုလည်း မော့ကနင်က ၁၀၆ တပ်ရင်းမှာပဲ ထိန်းထားတယ်” ဟု ဗိုလ်ရန်နိုင်က ပြောသည်။

ကိုဖိုးတုတ်ကို ခလရ ၁၀၆ တပ်ရင်းတွင်သာ ထိန်းသိမ်းထားပြီး မည်သူနှင့်မျှ အဆက်အသွယ်မရသေးကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကလည်း မော့ကနင်ကျေးရွာက ဦးစိုးဆိုသူကို တော်လှန်ရေးအဖွဲ့နှင့် ပတ်သက်သည့်စွပ်စွဲချက်ဖြင့် ဦးစိုးအပါအဝင် မိသားစုဝင် ၃ ဦးကို မော့ကနင်အခြေစိုက် ခလရ ၁၀၆ တပ်ရင်းက လာရောက်ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းတို့နှင့် ပတ်သက်ဆက်နွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အရပ်သားပြည်သူများကို စစ်ကောင်စီက မကြာခဏ ဖမ်းဆီးနေပြီး အများစုကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts