spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းတအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ် ဖွဲ့စည်းမည်

    တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ် ဖွဲ့စည်းမည်

    -

    ၁၀၂၇ စစ်ဆင်ရေးကြီးတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မဟာမိတ်များ ဦးဆောင်ပြီး စစ်ကောင်စီကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့် နယ်မြေများကိုအခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ် ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) က ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

    တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို တအာင်းအမျိုးသားပါတီ (TNP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် တအာင်းအရပ်ဖက်အစုအဖွဲ့ စသည့် အစုအဖွဲ့ ၃ ဖွဲ့၏ ခေါင်းဆောင်များအပြင် သင့်လျော်သည့် ပြည်သူလူထုများဖြင့် ၂၀၂၅ ခုနှစ်အတွင်း ဖွဲ့စည်းသွားမည်ဟု ဆိုသည်။

    ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ ၃ ရက်နေ့ထိ တအာင်းပြည်တနေရာတွင် တအာင်းအမျိုးသားပါတီ (TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နှင့် တအာင်းအရပ်ဖက်အစုအဖွဲ့များမှ ထိပ်သီးခေါင်းဆောင် ၈၃ ဦး တက်ရောက်ခဲ့ကြသည့် နိုင်ငံရေးထိပ်သီးအစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ထိုနိုင်ငံရေးထိပ်သီးအစည်းအဝေးကြီးတွင် တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TSCDC ရေးဆွဲထားသည့် တအာင်းပြည်တော်လှန်ရေးကာလအစိုးရအစီအမံကို လက်ခံအတည်ပြုကြပြီး တအာင်းပြည်ကောင်စီကို တအာင်းပြည်၏ တော်လှန်ရေးကာလတွင် အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်။

    တအာင်းပြည်ကောင်စီကို ဥက္ကဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၊ ဒုဥက္ကဌ(၁) လွေးမိုးခမ်း၊ ဒုဥက္ကဌ(၂) တားအေးမောင်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၄ ဦးတို့ဖြင့် ဖွဲ့စည်းသည်။

    တအာင်းပြည်ကောင်စီကို ၂၀၂၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့သည့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC အား တအာင်းပြည်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဟူသော အဓိကမဏ္ဍိုင်ကြီး ၃ ခုကို ထိန်းကျောင်းကြပ်မတ်ဦးဆောင်နိုင်ရေးအတွက် ပြောင်းလဲစည်းလိုက်ခြင်းဖြစ်သည်။

    မြန်မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း TPCC က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks