Homeသတင်းနိုင်ငံတကာ သတင်းမြန်မာအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်

မြန်မာအပါအဝင် နိုင်ငံ ၁၂ နိုင်ငံကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်

-

နိုင်ငံခြားသား အကြမ်ဖက်မှုနှင့် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတွေကြောင့် မြန်မာအပါအဝင် နိုင်ငံ ၁၂ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်နိုင်ငံအတွင်းသို့ ခရီးသွားလာ ဝင်ရောက်ခွင့် လုံးဝပိတ်ပင်သည့် အမိန့်ကို ဇွန်လ ၄ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြသည်။

ပိတ်ပင်ခံရသည့် ၁၂ နိုင်ငံတွင် မြန်မာ၊ အာဖဂန်နစ္စတန်၊ ချဒ်၊ ကွန်ဂို၊ အီကွေတိုရီယယ်ဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နှင့် ယီမင်တို့ဖြစ်သည်။

ထိုနိုင်ငံများသည် အကြမ်းဖက်လုပ်ရပ်များစွာရှိနေခြင်း၊ ဗီဇာလုံခြုံရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်မှု ပျက်ကွက်ခြင်းနှင့် ဗီဇာသက်တမ်းလွန်နေသူ များပြားခြင်းတို့ကြောင့် ဖြစ်သည်ဟု အမေရိကန်သမ္မတ ထရမ့်က ပြောကြားခဲ့သည်။

“ကျနော်တို့ကို ထိခိုက်နစ်နာစေလိုတဲ့သူတွေကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်” ဟု သမ္မတ ထရမ့်က X လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်။

အခြားနိုင်ငံ ၇ နိုင်ငံဖြစ်သည့် ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယဲရာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့ကိုလည်း တစ်စိတ်တစ်ပိုင်း ဝင်ရောက်ခွင့် ကန့်သတ်ခံရသည်။

အမေရိကန်နိုင်ငံအတွင်းသို့ ခရီးသွားလာခွင့်အမိန့်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့၊ နံနက် ၁၂ နာရီတွင် အသက်ဝင်မှာ ဖြစ်ပြီး၊ အဆိုပါရက်မတိုင်မီ ထုတ်ပေးထားသော ဗီဇာများ၊ အမေရိကန်ပြည်ထောင်စုတွင် တရားဝင် အမြဲတမ်းနေထိုင်ခွင့်ရထားသူများ၊ လက်ရှိ ရှိရင်းစွဲ ဗီဇာကိုင်ဆောင်သူများ၊ တချို့သော ဗီဇာအမျိုးအစားများနှင့် အမေရိကန်အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ပေးသည့် လူပုဂ္ဂိုလ်များအတွက် ခြွင်းချက်အနေဖြင့် ပြန်လည်ရုတ်သိမ်းမည် မဟုတ်ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts