Wednesday, March 11, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်အတွင်း တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

    ရေဖြူမြို့နယ်အတွင်း တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေ

    -

    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စုဘက်တွင် စစ်ကောင်စီတပ်နှင့် မွန်၊ ကရင်၊ ထားဝယ်ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြန်လည်ဖြစ်ပွားနေကြောင်း တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

    မေလကုန်းပိုင်းကစပြီး တိုက်ပွဲငြိမ်သက်နေသည့် မင်းသားကျေးရွာအုပ်စုတွင် ဇွန်လ ၂ ရက်နေ့ကစပြီး တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ပြီး ယနေ့အထိ နှစ်ဖက်စစ်ရေးတင်းမားနေသည့်အခြေအနေ ရှိနေကြောင်း ဆိုသည်။

    ဇွန်လ ၂ ရက်နေ့က မင်းသားကျေးရွာအုပ်စု၊ ဆင်စွယ်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မွန်၊ ကရင်၊ ထားဝယ်ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ကံပေါက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ ရဲဘော်အာဠာဝကက ပြောသည်။

    “အဲနေ့က ဆင်စွယ်မှာ တပ်စွဲထားတဲ့ စကစတပ်သားတွေကို ကျနော်တို့ ဝင်တိုက်ခဲ့တယ်။ သူတို့ဘက်က ကျသွားတာ ရှိတယ်။ အခု နှစ်ဖက်တင်းမာနေတဲ့ အခြေအနေ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

    ရေဖြူမြို့နယ်၊ မင်းသားကျေးရွာဘက်တွင် ပြီးခဲ့သည့် ဧပြီလလယ်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြောင့် မင်းသား၊ စိန်ဘုံ၊ ဆင်စွယ်၊ ရေငံကြီး၊ ဘုရားသုံးဆူ စသည့်ကျေးရွာများမှ ဒေသခံရာနှင့်ချီတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    ယင်းနောက် ဒေသတွင်း တိုက်ပွဲအခြေအနေ ငြိမ်သက်လာသည့်အတွက် ဒေသခံအချို့ နေရပ် ပြန်လာကြသည်လည်း ရှိသည်ဟု မင်းသားကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

    “နတ်စင်ကြီးဘက်တော့ လူတစ်ချို့ ပြန်ဝင်နေကြပြီ။ စိန်ဘုံကတော့ အခုထိ လူတွေ မပြန်လာရဲကြသေးဘူး။ တိုက်ပွဲနေရာ ဖြစ်နေတယ်။ ဒီဘက်တော်လှန်ရေးအဖွဲ့တွေလည်း ပြန်ခံပစ်နေတယ်။ ဟိုကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲဆိုတော့ တော်ရုံနဲ့ ပြီးမှာ မဟုတ်ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

    လက်ရှိတွင် နှစ်ဖက် စစ်ရေးတင်းမာနေသည့်အတွက် ဒေသတွင်း အချိန်မရွေးတိုက်ပွဲဖြစ်ပွားလာနိုင်သည့်အခြေအနေကြောင့် ဒေသခံပြည်သူများ၊ နေရပ်ပြန်လာကြသူများအနေဖြင့် အသွားအလာ သတိပြုကြရန် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်တွန်းနှိုးဆော်ထားသည်။

    “အခု ရွာသူရွာသားတွေ အိမ်ကို ခဏပြန်လာကြည့်တာမျိုးတွေ ရှိနေပါတယ်။ ဒီဒေသက အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တဲ့ နေရာတွေဖြစ်တဲ့အတွက် အတတ်နိုင်ဆုံးတော့ ရှောင်နေစေချင်ပါတယ်။ ကျနော်တို့က စစ်ရေးအခြေအနေတွေကို ရွာသားတွေကို လက်လှမ်းမီသလောက်တော့ သတိပေး ရှင်းပြနေတာမျိုးတွေလည်း လုပ်ဆောင်ပေးနေတယ်” ဟု ရဲဘော်အာဠာဝကက ဆက်ပြောသည်။

    စစ်ကောင်စီက ရေဖြူမြို့နယ်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးတစ်ဝိုက်ကို တပ်အင်အားဖြည့်တင်းရန် နေ့စဉ်နီးပါး စစ်ကြောင်းထိုးဝင်ရောက်လာနေကြောင်း ထိုဝင်ရောက်လာနေသည့် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ဟန့်တားတိုက်ခိုက်ချေးမှုန်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks