spot_img
Saturday, October 11, 2025
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

    မော်လမြိုင်တွင် ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကော့စိန်ကျေးရွာတွင် နေထိုင်သည့် အသက် ၁၃ နှစ် အရွယ်ရှိ Grade-5 ကျောင်းသူတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်း အမြစ်များမှ သိရသည်။

    အသက် ၁၃ နှစ်အရွယ်ရှိ မအိယမုံဖူး(ခ)ဝါဆိုမိုးသည်  ပြီးခဲ့သည့် မေ ၂၆ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ၎င်းကော့စိန်ရွာနေအိမ်မှ အုန်းသီးသွားကောက်ရန် ဆိုကာ ထွက်ခွာသွားပြီးနောက် ပြန်လည်မရောက်ရှိဘဲ ပျောက်ဆုံးနေခဲ့ကြောင်း သိရသည်။

     ပျောက်ဆုံးနေသည့် မအိယမုံဖူးကို  မေလ ၂၇ ရက်နေ့ နံနက် ၆ နာရီခွဲ အချိန်ခန့်က ဦးမောင်ဦးပိုင်ဆိုင်သည့် ကော့ပေါက်ကွင်းအုန်းခြံ၏ အိမ်ခြံဝင်းအတွင်း သေဆုံးလျှက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်ဟု စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ ဖြစ်နေတဲ့နေရာက မော်လမြိုင်နဲ့ နည်းနည်းဝေးနေတာဆိုတော့လေ၊ ကျွန်တော်တို့အနေနဲ့လည်း စုံစမ်းနေတုန်းပဲ”ဟု ၎င်းက ဆိုသည်။

    ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည့် မအိယမုံဖူး(ခ) ဝါဆိုမိုး၏ ရုပ်အလောင်းသည် အဓမ္မပြုကျင့်ခံထားရပြီး လည်ပင်းလေပြွန်ပြတ်ရှဒဏ်ရာ၊ ယာဘက်မျက်ခုံးပြတ်ရှဒဏ်ရာ၊ အပေါ်နှုတ်ခမ်းပြတ်ရှဒဏ်ရာတို့ဖြင့် မှောက်လျှက်သေဆုံးနေသည်ဟု ဆိုသည်။

    မအိယမုံဖူး(ခ)ဝါဆိုမိုးဆိုသူသည် ကော့စိန်ရပ်ကွက်နေ အဘဦးအောင်ဆန်း၊ အမိဒေါ်သန္တာစိုးတို့၏ သမီးဖြစ်ပြီး အ.မ.က(ကော့စိန်)တွင် Grade-5 တက်ရောက်နေသည့် ကျောင်းသူဖြစ်သည်။

    လက်ရှိတွင် ၎င်းအမှုနှင့်ပတ်သတ်မှုရှိသည်ဟု ယူဆရသည့် အမျိုးသားနှစ်ဦးကို သက်ဆိုင်ရာတို့က ယမန်နေ့က ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကလည်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာနေ  (၉)တန်းကျောင်းသူတစ်ဦးကို အမျိုးသားနှစ်ဦးက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း တရားဥပဒေစိုးမိုးပျက်ပြားမှုများလာသည်နှင့်တစ်ပြိုင်နက် ရပ်ရွာလူမှုပတ်ဝန်းကျင်တွင် လက်သည်မပေါ်သည့်သတ်ဖြတ်မှု၊ နောက်ခံအကြောင်းအရာကြောင့် သတ်ဖြတ်ခြင်းတို့ကို ပေါ်ပေါ်ထင်ထင်ကျူးလွန်နေကြကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူတို့က ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts