Wednesday, March 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်လေကြောင်း အသွားအပြန်စရိတ် ဈေးမြင့်တက်

    မော်လမြိုင်လေကြောင်း အသွားအပြန်စရိတ် ဈေးမြင့်တက်

    -

    မွန်ပြည်နယ်၊ မော်လမြိုင်လေဆိပ်တွင် ပြေးဆွဲနေသည့် ရန်ကုန်- မော်လမြိုင် လေကြောင်းလိုင်း Air Thanlwin ၏ အသွားအပြန် လေယာဉ်လက်မှတ်နှုန်းထား ၇ သိန်းနီးပါးအထိ ဈေးမြင့်တက်လာနေသည်ဟု လိုက်ပါစီးနင်းနေသည့် ခရီးသည်တို့ပြောပြချက်အရ သိရသည်။

    ရန်ကုန်- မော်လမြိုင် လေကြောင်းလိုင်း Air Thanlwin ၏ အသွားအပြန် လေယာဉ်လက်မှတ်နှုန်းထားသည် ပြီးခဲ့သည့် ဧပြီလက ၄ သိန်းကျပ် ဝန်းကျင်သာရှိခဲ့ရာ ယခုမေလတွင် ကုန်းလမ်းခရီးအခက်အခဲကြောင့် လိုက်ပါစီးနင်းသူ များလာပြီး ဈေးနှစ်ဆ မြင့်တက်လာနေသည်ဟု သိရသည်။

    “ဆန်တွေ ဈေးတက်ရင်တော့ ဈေးတင်တယ်ဆိုပြီး ဖမ်းတယ်။ ဒါပေမဲ့ လေယာဉ်ခရီးစရိတ် တိတ်တိတ်လေးတက်တာတော့ ဘယ်သူမဖမ်းဘူး။ အခုက အသွားတစ်ခေါက်ပဲက ၃ သိန်း ၅ သောင်းလောက်ရှိတယ်။ မသွားရင်လည်း ကားနဲ့ ရထားနဲ့ သွားဖို့ကလမ်းအဆင်မပြေဘူးလေ ” ဟု မော်လမြိုင်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

    သို့သော် ရန်ကုန်-မော်လမြိုင် လေယာဉ်ခရီးစဉ်ကို လာမည့်ဇွန်လမှစ၍ တစ်ပတ် ၄ရက် (တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနှင့် သောကြာာ)တို့တွင် ပြေးဆွဲသွားမည်ဖြစ်ပြီး လေယာဉ်လက်မှတ်ခကို မော်လမြိုင်-ရန်ကုန်ခရီးအတွက် သုံးသိန်းတစ်ထောင်ကျပ်နှင့် ရန်ကုန်-မော်လမြိုင်အတွက် ၃ သိန်းတစ်သောင်းကျပ် သတ်မှတ်ထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းကထုတ်ပြန်ထားသည်။

    လေယာဉ်လက်မှတ်နှုန်းထားတို့သည် လေယာဉ်ဆီ၊လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုကြောင့် လိုက်လံဈေးမြင့်တက်နိုင်ပြီး ထုတ်ပြန်ထားသည့် လေယာဉ်လက်မှတ်နှုန်းထားအတိုင်း ကောက်ခံစေလိုကြောင်းလည်း အထက်ပါအမျိုးသမီးက ဆိုသည်။

    ယခုနှစ် ဇန်နဝါရီလမှ မေလကုန်ပိုင်းအထိ မော်လမြိုင်-ရန်ကုန် ကားလမ်းမပေါ်ရှိ ချောင်းကူးတံတား၊ ရွာချင်းဆက်တံအပြင် ရထားလမ်းပိုင်း ဖျက်စီးခံရမှု ၁၀ ကြိမ်ထက်မနည်းရှိပြီး ခရီးသွားလာသူများ နှောင့်နှေးကြန့်ကြာမှုဖြစ်ခဲ့ရသည့်အပြင် အသက်အန္တရာယ်တစ်စုံတစ်ရာ စိုးရိမ်နေသည့်အခြေအနေတွင်ရှိနေသည်ဟု သိရသည်။

    လူနာပို့ဆောင်ရေးအပါအဝင် အရေးပေါ်တစ်စုံတစ်ရာကိစ္စတွင် ရန်ကုန်မြိုသို့ ၃၅ မိနစ်အတွင်းရောက်ရှိနိုင်ပြီး လေကြောင်းလိုင်းကို ပိုမိုအားထားလာနေရသူတို့ ဈေးနှုန်းကြီးမြင့်မှုကြောင့် အခက်ခဲဖြစ်နေကြာင်း မော်လမြိုင် လေကြောင်းခရီး မကြာခဏ လိုက်ပါစီးနင်းနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

    “အခုက အရေးပေါ်ကိစ္စဖြစ်လာရင်တောင် ဈေးကဒီလိုတက်လာတော့ မနည်းစဉ်စာရအုံးမယ်။ စီးမနိုင်၊ ပိုက်ဆံမရှိဘူး။ ပြီးတော့ Service တွေ အနံ့တွေ သိပ်ကောင်းနေရင် မပြောတော့ဘူး” ဟု ရန်ကုန်သို့ ဆေးရုံသွားပြလျက်ရှိသည့် အမျိုးတစ်သမီးတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ရန်ကုန်- မော်လမြိုင် လေကြောင်းလိုင်း Air Thanlwin ၏ အသွားအပြန် လေယာဉ်လက်မှတ်နှုန်းထားသည် ခရီးသည်တစ်ဦးလျှင် ၃ သိန်းဝန်ကျင်သာ ရှိနေပြီး တစ်ပတ်လျှင် ၆ ရက်အထိ ပြေးဆွဲခဲ့ကြောင်း သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်-ရန်ကုန် လမ်းခရီးတစ်လျှောက်တွင် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေခြင်း၊ X- Ray စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများခြင်းနှင့် ယခုအခါ ကုန်းလမ်းခရီး မိုင်ထောင်ဖောက်ခွဲမှု မကြာခဏဖြစ်ပွားနေခြင်းကြောင်း လေကြောင်းမှ ခရီးသွားလာသူများလာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks