Homeသတင်းဘီးလင်း-နတ်ကြီးကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

ဘီးလင်း-နတ်ကြီးကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးကားလမ်းပေါ်ရှိ ပေ ၈၀ တံတားတစ်စင်း မိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဘီးလင်းမြို့နယ်၊ တညင်ပင်ကျေးရွာအနောက်ဘက် မီတာ ၃၀၀ ခန့်အကွာ ဘီးလင်း – နတ်ကြီးကားလမ်း မိုင်တိုင်အမှတ် (၁၆/၂) နှင့် (၁၆/၃) ကြား အရှည် ပေ ၈၀၊ အကျယ် ၂၄ ပေရှိ သံကူကွန်ကရစ်အမျိုးအစားတစ်စင်း မေလ ၂၆ ရက်နေ့ နံနက်ပိုင်းက မိုင်းထောင်ဖောက်ခွဲခံခဲ့ရသည်။

မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် တံတား တောင်ဘက်ကမ်းကပ်ခုံမှ ပြိုကျပျက်ဆီးခဲ့ပြီး လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။

အဆိုပါ တံတားကို ကရင်အမျိုးသားအစည်းအရုံး KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း စစ်ကောၚ်စီဘက်က ထုတ်ပြန်ထားပြီး KNU ဘက်က တစုံတရာ ထုတ်ပြန်လာခြၚ်းမရှိသေးပေ။

လက်ရှိတွင် မိုင်းခွဲဖျက်ဆီးခံထားရသည့် တံတားကို ပြန်လည်ပြုပြင်နိုင်ရန်အတွက် တာဝန်ရှိသူတို့က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘီးလင်း – နတ်ကြီး – ဖာပွန်ကားလမ်းပိုင်းရှိ တံတားများ မကြာခဏ မိုင်းထောင်ဖောက်ခွဲခံရလေ့ရှိပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ကပင် ဘီးလင်း – နတ်ကြီး – ဖာပွန်ကားလမ်း ရင်းအုံကျေးရွာနှင့် ကျားကွင်းကျေးရွာကြားရှိ ပေ ၃၀ ကျော်အရှည်ရှိသည့် ချောင်းကူးတံတားတစ်စင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရသေးသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နေ့က ဘီးလင်း – ဖာပွန်ကားလမ်းပေါ်ရှိ တံတားအရှည် ပေ ၁၂၀၊ အကျယ် ၂၄ ပေရှိ သံကူကွန်ရစ်တံတားတစ်စင်း မိုင်းထောက်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

အလားတူ ၂၀၂၄ ခုနှစ် မေလ (၆) ရက်နေ့ နံနက်ပိုင်းကလည်း ဘီးလင်း – ဖာပွန်ကာလမ်း မိုင်တိုင်အမှတ် ၁၆/၂ နှင့် ၁၆/၃ ကြားရှိ တံတားအမှတ် ၃/၁၇ ၊ ကညင်ပင်ကွင်းတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts