spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတို့ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် စောင့်ကြည့်ရေးနည်းပညာများဖြင့် ဖိနှိပ်လျှက်ရှိ

    စစ်ကောင်စီတို့ လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် စောင့်ကြည့်ရေးနည်းပညာများဖြင့် ဖိနှိပ်လျှက်ရှိ

    -

    စစ်ကောင်စီအဖွဲတို့ လွှမ်းမိုချုပ်ကိုင်နိုင်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် စောင့်ကြည့်ရေးနည်းပညာများဖြင့် ဖိနှိပ်ခံနေရမှု ပိုမိုပီပြင်ပြင်းထန်လာနေကြောင်း မြန်မာအင်တာပရောဂျက်(MIP)နှင့် ဒီဂျစ်တယ်အရေးစောင့်ကြည့်လေ့လာနေသူတို့က ဆိုသည်။

    မြန်မာအင်တာနက် ပရောဂျက်တို့၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီအဖွဲ့တို့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းအားနည်းသည့် နေရာတို့တွင် အင်တာနက်ဖြတ်တောက်ခံရမှု ၃၅၇ ကြိမ်အထိရှိနေပြီး ၎င်းတို့လွှမ်းမိုးချုပ်ကိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် စောင့်ကြည့်ရေးနည်းပညာ မျိုးစုံဖြင့် ဖိနှိပ်လျှက်ရှိကြောင်း သိရသည်။

    နိုင်ငံသားအချက်အလက်များဖြင့် စုဆောင်းခြင်း၊ စောင့်ကြည့်ရေး ကွန်ယက် CCTV များ၊ မလုံခြုံသော ဆက်သွယ်ရေးနှင့် ကြားဖြတ်စောင့်ကြည့်ခြင်း၊ လူမှုကွန်ရက် မီဒီယာများ၊ အွန်လိုင်းငွေလွှဲပြောင်းမှုများအပြင် ဂေဟစနစ်များဖြင့် မလုံခြုံသည့်နေရာတို့တွင် လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

    ထိုနည်းပညာများမှတစ်ဆင့် အချိန်ပြည့် နေရာစုံ၌ ပြည်သူတို့ စောင့်ကြည့်ခံနေရပြီး အခြေခံလွတ်လပ်ခွင့်များနှင့် လွတ်လပ်စွာပြောဆိုခွင့်များကို တိုက်ရိုက်ထိခိုက်နစ်နာစေကြောင်း (MIP) တာဝန်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

    "ကျနော်တို့က အမြဲတမ်းစောင့်ကြည့်ခံရတဲ့အနေထားမှာ ရှိတာပေါ့နော်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို အဘက်ဘက်က ချိုးဖောက်ခံနေရတယ်၊ စစ်အာဏာသိမ်းပြီးကတည်းက တစ်စတစ် ဆိတ်သုဉ်းလာခဲ့ပြီး စောင့်ကြည့်ခြေရာခံတာကနေတစ်ဆင့် ဖမ်းဆီးထိန်းသိမ်းခံရတာ အသက်အန္တရာယ်ထိခိုက်ခံရတာတွေအထိ ကြုံတွေ့နေရတယ်" ဟု ဆိုသည်။

    ထို့အပြင် နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာတွင် ဇီဝအချက်အလက်နှင့် ကိုယ်ရေးအချက်အလက်များ စုဆောင်းခြင်းကြောင့် နိုင်ငံသားများ၏ အချက်အလက်အများစုသည် စစ်ကောင်စီ၏ National Database ၌ ပါရှိသွားမည်ကို သတိပြုရန်လိုကြောင်း ဆိုသည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ တစ်မြို့လုံးနီးပါး စောင့်ကြည့်ရေးကင်မရာတပ်ဆင်ထားပြီး စီဒီအမ်လှုပ်ရှားမှု ပူးပေါင်းသူများ၊ စစ်မှုထမ်းစာရင်းတွင် ပါဝင်သူများ၊ စစ်ကောင်စီအဖွဲတို့ အလိုရှိသည့် သူတို့ကို အဆိုပါ စောင့်ကြည့်ရေးနည်းပညာများကို အသုံးပြု၍ ဖမ်းဆီးခြင်းလုပ်ဆောင်လျှက်ရှိသည်။

    မော်လမြိုင်မြို့ခံ အမျိုးသမီးတစ်ဦးက “အရှေ့တောင်တိုင်း နည်းနည်းကျော်တဲ့နေရာမှာ စစ်တယ်။ ပြီးတော့ တိုးဂိတ်အလွန်မှာ စစ်တယ်။ အရင်က မိန်းကလေးတွေဆို မစစ်ဘူး။ ယောင်္ကျားလေးကိုပဲစစ်တယ်။ အခုက အရမ်းစစ်လာတယ်။ ဆိုင်ကယ်ဘောက်စ်ဖွင့်စစ်တယ်။ ဘယ်သွားလဲ။ ဘယ်ကလာလဲ၊ ဘာအလုပ်လုပ်လဲ။ ဘယ်မှာနေလဲ။ အလုပ်က ဘယ်မှာလဲ။ အဲလို အသေးစိတ်ကို စစ်လာတယ်” ဟု ဆိုသည်။

    စစ်ကောင်စီတပ်ဆင်ထားသော စောင့်ကြည့်ရေးနည်းပညာများကို ပေါင်းစည်ရာတွင် မြန်မာနိုင်ငံသည် နေရာစုံ၌ အလုံစုံစောင့်ကြည့်ခံနေရပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်များကို အဖက်ဖက်မှ စနစ်တကျ ချိုးဖောက်ခံနေရသဖြင့် ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့် အသက်အန္တရာယ်ထိပါးခံရခြင်းတို့ ဖြစ်နိုင်သဖြင့် ဒစ်ဂျစ်တယ် လုံခြုံရေးနှင့် လွတ်လပ်ပိုင်ခွင့်များကို သိရှိနားလည်ပြီး ကြိုတင်ပြင်ဆင်ထားရန်လည်း (IMP)မှ တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks