spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစစ်ဘေးရှောင် ကမ်းနီဒေသခံများ နေရပ်ပြန်ဝင်လာ

    စစ်ဘေးရှောင် ကမ်းနီဒေသခံများ နေရပ်ပြန်ဝင်လာ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကမ်းနီကျေးရွာနှင့်အနီးနားရှိ ဒေသခံများ တစ်လနီးပါးခန့်ဘေးလွတ်ရာသို့ စစ်ရှောင်နေကြရပြီး၊ လက်ရှိတွင် စစ်ရေးအခြေအနေငြိမ်သက်လာသောကြောင့် နေရပ်ပြန်ဝင်လာကြသည်ဟု စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

    မော်လမြိုင်မြို့ ရွာသစ်ဘုန်းကြီးကျောင်းတွင်ရောက်ရှိနေသည့် ကမ်းနီကျေးရွာနှင့် အခြားစစ်ဘေးရှောင် ဒေသခံ ၂၀၀ နီးပါးသာ ကျန်ရှိနေတော့ကြောင်းနှင့် အများစုတို့ နေရပ်ပြန်ဝင်သွားကြသည်ဟု မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    “သရက်တောနဲ့ ကမ်းနီ၊ ကော့ပလိုင်ဘက်တွေမှာဆိုရင် နေရပ်ပြန်ကုန်ကြပြီး၊ မင်းရွာကလူတွေလည်း အားလုံးနေရပ်ပြန်ကြတယ်၊ မော်လမြိုင်မှာကျန်နေတဲ့စစ်ရှောင်ကတော့ ၂၀၀ နီးပါးလောက် ပဲရှိမယ် ပြန်တဲ့သူ တွေဆိုရင် ၇၀၀၊ ၈၀၀ လောက်တော့ရှိမယ် မော်လမြိုင်မှာဆိုရင်တစ်ဝက်လောက် ပြန်သွားကြတယ် stable ဖြစ်မဖြစ် စောင့်ကြည့်နေတဲ့ ဒေသခံတွေလည်းရှိတယ် ” ဟု ၎င်းကပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းတွင် သထုံခရိုင်၊ ကော့ကရိတ်မြို့နယ် ၊ ကမ်းနီ၊ သရက်တောဒေသခံပြည်သူများထံ စားနပ်ရိက္ခာကူညီထောက်ပံ့မှုများလုပ်ဆောင်ခဲ့ကြောင်းလည်း မွန်ပြည်သစ်ပါတီမှ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ထံမှ သိရသည်။

    ထို့ပြင် နေရပ်ပြန်ဝင်သွားကြသည့်ဒေသခံများ၏ စားနပ်ရိက္ခာနှင့်ကူညီထောက်ပံ့ပေးရန်အတွက် တရနာကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီထံ ဖြတ်သန်းခွင့်တောင်းခံနေရသည်ဟုလည်း မွန်ကယ်ဆယ်ရေးနှင့်ဖွံ့ဖြိုးရေးတာဝန်တစ်ဦးက ဆိုသည်။

    “ စစ်တပ်တွေက သူတို့ကိုဘယ်သူ့ဆီ ခွင့်တောင်းရမယ် ဘာညာဆိုပြီးပြောလာတာရှိတယ်၊ အဖွဲ့အနေနဲ့သွားရင်လည်း ပစ္စည်းတွေကျတော့ ကုန်သည်တွေ သွားနေတဲ့ကျကားတွေအဲ့လိုတွေကသွားလို့ရတယ်၊ စားနပ်ရိက္ခာကတော့ ဒီဘက် တရနာ၊ ခရုံဂူမှာဆိုစစ်တပ်ရှိတယ် ကမ်းနီဖက်မှာ ဆိုရင် တော်လှန်ရေးအဖွဲ့ရှိတယ်၊ သယ်သွား သယ်လာလို့မပြေဘူး၊စစ်ဆေးတွေများတယ်၊ ဆန်တွေ ပစ္စည်းတွေ များများဆိုမရဘူး” ဟု ၎င်းကဆိုသည်။

    လက်ရှိတွင် ကျုံဒိုး- ကော့ကရိတ်တစ်ခွင် တိုက်ပွဲဆက်လက်ရှိနေကြောင်း၊ မြေပြင်ကြည်းတပ် အင်အားနည်းပါးသော်လည်း ကင်းထောက်ဒရုန်းများကိုအသုံးပြုပြီး လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် စစ်ဆင်ရေးလုပ်ဆောင်မှုများပြားနေဆဲဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့်ဧပြီလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ စစ်ကောင်စီမှဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသတွင်းရှိကျေးရွာ ၄၀ ရွာထက်မှ ထောင်နှင့်ချီသည့်ဒေသခံများသည် မော်လမြိုင်၊ ဘားအံ၊ မြဝတီမြို့ဘက်တွင်တိမ်းရှောင်နေကြရသည်ဟု သိရသည်။

    တစ်ဖက်တွင်လည်း နေ့စဉ်စစ်ရေးတင်းမာနေသည့်ကော့ကရိတ်-ကျုံဒိုးတွင်စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းများ ကျောင်းအပ်လက်ခံပြီး စာသင်ကျောင်းများပြန်ဖွင့်ရန် ဖိအားပေး ပြောဆိုထားခြင်းတို့ရှိနေကြောင်း ကျုံးဒိုးဒေသခံတို့ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks