spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းထားဝယ်ခရိုင် ကျေးရွာတို့တွင် တစ်လနီးပါးအထိ လောင်စာဆီဝယ်ယူခွင့်ကန့်သတ်ထား

    ထားဝယ်ခရိုင် ကျေးရွာတို့တွင် တစ်လနီးပါးအထိ လောင်စာဆီဝယ်ယူခွင့်ကန့်သတ်ထား

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ် ၄ ခုလုံးတွင် စစ်ကောင်စီမှ တစ်လကျော်ကြာသည်အထိ လောင်စာဆီဝယ်ယူခွင့်ကတ်သန့်ထားသဖြင့် ဈေးကြီးပေးဝယ်ယူရသည့်အပြင် လုပ်ငန်းသုံးအတွက် လောင်စာဆီရရှိရန် ခက်ခဲနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှသိရသည်။

    လက်ရှိတွင် ထားဝယ်မြို့ပေါ်ရှိ လောင်စာဆီအရောင်းဆိုင်တို့ကို ဂါလံနှင့်ရောင်းချခြင်းမပြုလုပ်ရန် စစ်ကောင်စီအဖွဲ့မှ စက်သုံးဆီရောင်းဝယ်သူတို့ကို ဖိအားပေးပြောဆိုထားသည့်အပြင် နယ်ဘက်စက်သုံးဆီအရောင်းဆိုင်တို့ထံ ခွဲဝေရောင်းချခြင်းမပြုရန် ပြောဆိုထားကြောင်း သိရသည်။

    ထို့ကြောင့် ဆိုင်ကယ်နှင့် မော်တော်ယာဉ်ဖြင့် အပြည့်ဖြည့်ကာ ဝယ်ယူရောင်းချခြင်း လုပ်ဆောင်နေပြီး ကျေးရွာနေဒေသခံတို့ ဓာတ်ဆီ တစ်လီတာ ၆၀၀၀ ကျပ်အထိပေါက်ဈေးဖြင့် ဝယ်ယူအသုံးပြုနေရကြောင်း လောင်းလုံးမြို့ခံတစ်ဦး ကပြောသည်။

    “ ဆီပုံးတွေနဲ့ဝယ်လို့မရဘူး ဆိုင်ကယ်၊ ကားဆိုလည်းကား အဲ့လိုနဲ့ပဲထည့်လို့ရတယ်။ ရွာတွေဘက်မှာဆိုရင် ကားတို့ ဆိုင်ကယ်တို့ သုံးဘီးတို့အပြည့်ဖြည့် ရွာရောက်ရင် ပိုက်နဲ့ဆွဲထိုးပြီးတော့ သုံးနေရတယ်၊ ၊ ရွာတွေမှာဆိုရင် တစ်လီတာ ၆၀၀၀၊ ၇၀၀၀ လောက်အထိပေးဝယ် နေရတာမျိုးရှိတယ်၊ကျေးလက်ဒေသတွေလို မြို့နဲ့နည်းနည်းအလှမ်းဝေးတဲ့ဒေသတွေမှာ ဆီကမရှိသလောက်ရှားသွားတယ်” ဟု ၎င်းကပြောသည်။

    အဆိုပါဒေသတွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းမရှိသော်လည်း ဧပြီလကုန်ပိုင်းမှစပြီး လောင်စာဆီ၊ ဆန်အိတ်နှင့်ကုန်ခြောက်သယ်ဆောင်လာသည်ကိုတွေ့ရှိပါက သိမ်းဆည်ပြီး၊ ဒဏ်ငွေရိုက်ခြင်းနှင့် ဖမ်းဆီးခြင်းတို့ကို ကျူးလွန်နေကြောင်း ယင်းဒေသရှိ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားနေသူတစ်ဦးကပြောသည်။

    ထို့ပြင် ယခုနှစ်မိုးစပါးစိုက်ပျိုးရန်အတွက် စက်သုံးဆီရရှိမည့်အခက်အခဲနှင့် ဈေးကြီးပေးဝယ်နေရ သောကြောင့် တောင်သူလယ်သမားများ လယ်လုပ်ငန်းလုပ်ကိုင်ရန်အတွက်စိုးရိမ်နေရသည်ဟု လောင်းလုံးဒေသခံတစ်ဦးက ဆက်ပြောသည်။

    “ အဓိကက ဖြတ်လေးဖြတ်ပေါ်လစီနဲ့ ပြည်တွကိုပဲဒုက္ခပေးချင်တာ၊ အရင်ကလည်းသူတို့ကန့်သတ်ဖူးတယ်၊ သိပ်မကြာဘူး တစ်ပတ်ကျော်လောက်ပဲ၊ အခုတစ်လကြာသွားပြီး မကြာခင်မှာလည်း စိုက်ပျိုးရေးလုပ်ရမဲ့အချိန်ရောက်ပြီးဆိုတော့ စက်သုံးဆီမလုံလောက်မှုတွေကြောင့်အများကြီးအခက်အခဲကြုံနေရတာပေါ့နော်၊ စိုက်ပျိုးနိုင်ဖို့အတွက် စက်သုံးဆီ အများကြီး လိုအပ်တယ်”ဟု ၎င်းကပြောသည်။

    ယခုကဲ့သို့ စစ်တပ်မှ စစ်သုံးဆီဝယ်ယူခွင့်၊သယ်ယူခွင့်ကန့်သတ်လိုက်သည့်အတွက် တစ်နိုင်တစ်ပိုင် ကုန်တင်လုပ်ငန်းလုပ်ဆောင်သူများ၊ ခရီးသွားပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူများ မြို့ပေါ်အထိသွားရောက် ဆီဝယ်ယူနေရသည်ဟု သိရသည်။

    ၎င်းပြင် စစ်သုံးဆီပြတ်လတ်မှုကြောင့် စစ်ဘေးရှောင်နေသူများထံ သွားရောက်ကူညီရာတွင်လည်း သက်ရောက်မှုများရှိနေသည်ဟု စစ်ရှောင်မြေပြင်ကူညီထောက်ပံ့နေသူများထံမှ သိရသည်။

    ပြီးခဲ့သည့် ဧပြီ ၃၀ ရက်နေ့က ထားဝယ်မြို့နယ်တွင် စက်သုံးဓါတ်ဆီဂါလန် ၃၀၀ ကျော်၊ ဒီဇယ် ဂါလန် ၁၅၀ ဂါလန်ကို ဖမ်းဆီးပြီး အရေးယူထားကြောင်း စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်ထားသေးသည်။

    စစ်ကောင်စီအဖွဲ့တို့ ယခုကဲ့သို့ စက်သုံးဆီဖြတ်တောက်မှုကို ထားဝယ်မြို့အနီးဝန်းကျင်တွင် စစ်ရေးတင်းမာသည့်အချိန်တိုင်း ပြုလုပ်လေ့ရှိပြီး အထူးသဖြင့် တော်လှန်ရေးအဖွဲ့တို့ကို အသာစီးမရသည့်အချိန်တွင် ပြည်သူများကို ပိုမိုဖိနှိပ်ရန် ဖြတ်တောက်ထားခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks