spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းတောင်ဖလုရွာတွင် နေအိမ်မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

    တောင်ဖလုရွာတွင် နေအိမ်မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံး

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ တောင်ဖလုကျေးရွာတွင် နေအိမ်မီးလောင်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ယနေ့ မေလ ၁၄ ရက် နံနက် ၃ နာရီကျော်အချိန်ခန့်က တောင်ဖလုကျေးရွာအတွင်း နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ နေအိမ်အချို့ ထိခိုက်မှု အနည်းငယ် ရှိခဲ့သည်ဟု ဆိုသည်။

    “အဲဒီသေဆုံးသွားတဲ့လူက လူလတ်ပိုင်းအမျိုးသားတစ်ယောက်ပါ။ သူက ဆေးကြောင်ပြီ ရူးနေတာ။ အိမ်မှာက သူတစ်ယောကထဲပဲ နေနေတာ။ သောင်းကျန်းလွန်လို့ မောင်နှမတွေလဲ အိမ်မှာမနေရဲကြဘူး။ အဲကြောင့် သူဘာသာသူပဲ လုပ်သွားတာပဲ။ မီးလောင်တော့ ဘေးကအိမ်တွေလည်း နည်းနည်းအဟပ်ခံသွားတာ ရှိတယ်ပေါ့” ဟု တောင်ဖလုရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    အဆိုပါမီးလောင်သေဆုံးသူသည် တောင်ဖလုကျေးရွာ အရှေ့ပိုင်းနေ နိုင်ပါးရိုးနှင့် ဒေါ်ချိုဝါတို့၏ သားလတ်ဖြစ်သူ အသက် ၂၀ ကျော်အရွယ်ရှိ ခေါင်းကြီးဆိုသူဖြစ်ပြီး မူးယစ်ဆေးဝါးကြောင့် စိတ်ကျန်းမာရေးထိခိုက်နေသူတစ်ဦး ဖြစ်သည်ဟု ဆိုသည်။

    “သူ့မိဘတွေက ဆုံးသွားတာ ကြာပြီ။ သူက မူးယစ်ဆေးဝါး သုံးစွဲတာများလို့ စိတ်မမှန်နေတာ။ အရင်ကတည်းက ရွာသားကြီး ပို့ခံထိပြီးပြီ။ ပြီးတော့ ငိုပြန်လာတယ်။ မောင်နှမတွေကလည်း တာဝန်မယူနိုင်ကြတော့ဘူးလေ။ သူက အငယ်ဆုံးမဟုတ်ဘူး။ သားလတ်ပေါ့။ သူအောက်မှာ တစ်ယောက်ရှိသေးတယ်” ဟု အခြားတောင်ဖလုရွာခံတစ်ဦးက ပြောသည်။

    အဆိုပါ မီးလောင်မှုကို သံဖြူဇရပ်မြို့နယ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် စေတနာရှင်လူမှုကယ်ဆယ်ရေး အသင်းတို့က သွားရောက်မီးငြိမ်းသတ်ခဲ့ပြီး သေဆုံးသူအလောင်းကို သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks