spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရေး-ထားဝယ်ကားလမ်းပိုင်းတွင် ယာဉ်တိုက်မှုကြောင့် သံဃာတော်အပါအဝင် ၁၅ ဦးထက်မနည်း ဒဏ်ရာရ

    ရေး-ထားဝယ်ကားလမ်းပိုင်းတွင် ယာဉ်တိုက်မှုကြောင့် သံဃာတော်အပါအဝင် ၁၅ ဦးထက်မနည်း ဒဏ်ရာရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ လော့သိုင်ကျေးရွာတွင် ယာဉ်တိုက်မှုကြောင့် သံဃာတော်အပါအဝင် ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ယနေ့ မေလ ၁၄ ရက်နေ့ မွန်းလွှဲပိုင်း ၁ နာရီအချိန်ခန့်က ရေး-ထားဝယ်ကားလမ်းပိုင်းရှိ လော့သိုင်ကျေးရွာအလွန် လမ်းကွေ့တနေရာတွင် မျောက်ချောကျေးရွာမှ ရေးမြို့သို့ သွားသည့်ကားနှင့် ကံပေါက်သို့ ပြန်သည့် ခရီးသည်တင်ယာဉ်တို့က မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    “အဲကားနှစ်စီးကတော့ တစ်စီးက မျောက်ချောကနေ ရေးကို သွားတဲ့ကားတစ်စီးနဲ့ ကံပေါက်ကို ပြန်တဲ့ ခရီးသည်ကားတစ်စီးတွေက တိုက်မိခဲ့ကြတယ်လေ။ ကားနှစ်စီးလုံးက မှောက်ပြီး ပျက်စီးသွားကြတယ်။ လူဦးရေကတော့ သေချာ မသိလိုက်ဘူး။ ၁၅ ယောက်ကျော်ကျော်လောက်ကတော့ ဒဏ်ရာရသွားကြတယ်။ ဘုန်းကြီးနှစ်ပါးက အရေးပေါ်အခြေအနေရောက်နေတယ်လို့ ပြောတာပဲ” ဟု ဖြစ်စဉ်သိရှိသည့် သာယာမွန်ရွာခံတစ်ဦးက ပြောသည်။

    အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ဖြစ်ပွားသည့်နောက် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးသူငယ်အချို့တို့က ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားထဲတွင် ညှပ်နေသူများလည်း ရှိနေသည်ဟု ဆိုသည်။

    ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုကြောင့် သေဆုံးသူများ ရှိ၊ မရှိနှင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို သိရှိနိုင်ရန် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားပေးခြင်း မရှိသေးပေ။

    လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများကို ဇဗ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့က လူနာတင်ယာဉ် (၆) စီးဖြင့် ရာဖူးဆေးခန်းနှင့် ရေဖြူဆေးရုံးဘက်သို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks