Saturday, March 28, 2026
More
    spot_img
    Homeသတင်းသက်ကြီးရွယ်အို လူမှုရေးပင်စင်စရိတ် နည်းပါးလွန်းဟု သက်ကြီးရွယ်အိုစောင့်ရှောက်သူတို့ဆို

    သက်ကြီးရွယ်အို လူမှုရေးပင်စင်စရိတ် နည်းပါးလွန်းဟု သက်ကြီးရွယ်အိုစောင့်ရှောက်သူတို့ဆို

    -

    စစ်ကောင်စီအဖွဲ့မှ အသက် ၈၅ နှစ် ပြည့်ပြီးသည့် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်အဖြစ် တစ်လ တစ်သောင်းကျပ်ပေးဆောင်နေသည့် ထောက်ပံ့ကြေးပမာဏ နည်းပါးလွန်းကြောင်း သက်ကြီးရွယ်အိုစောင့်ရှောက်နေသူတို့က ဆိုသည်။

    အသက် ၈၅ နှစ်ပြည့်ပြီး သက်ကြီးရွယ်အိုများ လူမှုရေးပင်စင် ခံစားရရှိနိုင်ရေး ယခု မေလ ၃၁ ရက်နေ့နောက်ဆုံးထား၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ သို့မဟုတ် နီးစပ်ရာ လူမှုဝန်ထမ်းရုံးများတွင် စာရင်းပေးသွင်းရန်နှင့် အသွားအလာ အခက်ခဲရှိသည့် သက်ကြီးရွယ်အိုများ အနေဖြင့် အိမ်ထောင်စုစာရင်းပါ သား၊သမီး၊မြေး တစ်ဦးဦးမှ ကိုယ်စားလှယ်အဖြစ် စာရင်းသွင်းနိုင်ကြောင်း စစ်ကောင်စီအဖွဲ့မှ ထုတ်ပြန်ထားသည်။

    ယခင် NLD အစိုးရလက်ထက်မှ လက်ရှိအချိန်အထိ လူမှုရေးပင်စင်စရိတ်ကို အသက် ၈၅ ပြည့်ပြီးသည့် သက်ကြီးရွယ်အိုတို့ကို တစ်လတစ်သောင်းကျပ်နှုန်းဖြင့် ၃ လတစ်ကြိမ် လက်ခံရရှိနေသော်လည်း ယနေ့ခေတ် ကုန်ဈေးနှုန်း၊ ဆေးဝါးစရိတ်နှင့် အညီပေးဆောင်သင့်ကြောင်း သံဖြူဇရပ်မှ သက်ကြီးရွယ်အို စောင့်ရှောက်နေသူတစ်ဦးက ဆိုသည်။

    “ဒီခေတ်ကုန်ဈေးတွေနဲ့ဆိုရင် တစ်လ တစ်သောင်းဆိုတာ ဘယ်လောက်မလဲပေါ့နော်။ ဆေးတစ်မျိုး ဝယ်ဖို့တောင် မလောက်ပါဘူး။ အစားအသောက်၊ သုံးစွဲစရိတ်တွေအားလုံးကို ဈေးကြီးပြီး အားလုံးကြပ်တည်းနေကြတယ်” ဟု သံဖြူဇရပ်မှ သက်ကြီးရွယ်အိုရှောက်စောင့်နေသူတစ်ဦးက ပြောသည်။

    ပြည်သူ့အင်အားဦးစီးဌာန၏ အချက်အလက်များအရ မြန်မာနိုင်ငံအတွင်း သက်ကြီးရွယ်အိုဦးရေ ၆ ဒသမ ၃ သန်းကျော်ရှိပြီး၊ အဲဒီထဲက အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေမှာ ၂၈၄၈၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

    သို့သော် ကရင်ပြည်နယ်အတွင်းရှိ ဒေသခံတို့ စစ်အာဏာသိမ်းကာလနောက်ပိုင်း အဆိုပါ ထောက်ပံ့မှုနှင့် ပြတ်တောက်သွားခဲ့ရပြီး လက်ရှိတွင် အုပ်ချုပ်ရေးမှုးအဖွဲ့တို့က စာရင်းပြန်လည်ကောက်ယူနေကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံတစ်ဦးက ဆိုသည်။

    ” စစ်အဏာသိမ်းပြီးနောက်ပိုင်းတော့ လူတိုင်းမရတော့ဘူး။  အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတွေပဲရတော့တာ၊ ပြီးတဲ့ အပတ်ကမှပဲ အသက် ၈၅ နှစ်ပြည့်သူတွေကို စာရင်းကောက်ဖို့ စာရောက်လာတယ်။ သူတို့ဘယ်လိုထောက်ပံ့သွားမလဲတော့မသိဘူး” ဟု ကြာအင်းဆိပ်ကြီးမှ အုပ်ချုပ်ရေးမှူးပိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    အမျိုးသားလူမှုရေး ပင်စင်ထောက်ပံ့ခြင်းအစီအစဉ်ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစပြီး အသက်(၉၀)နှစ်နှင့်‌အထက် သက်ကြီးရွယ်အိုများကို တစ်ဦးတစ်လလျှင် ကျပ်တစ်သောင်း နှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးခဲ့သည်။ ထိုနောက် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေး နှစ်မှစ၍ အသက်အရွယ်သတ်မှတ်နှုန်းလျော့ချကာ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ထောက်ပံ့ပေးခဲ့သည်။

    မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းစီးပွားရေးကျပ်တည်းမှုနှင့် အလုပ်အကိုင်ရှာပါးမှုကြောင့် ဆင်းရဲမွဲတေမှုများ မြင့်တက်လာနေပြီး တောင်းရမ်းစားသောက်နေသည့် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုတို့ များပြားနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks