spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းရေးတွင် စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်နေဟု ဆို

    ရေးတွင် စစ်ကောင်စီတပ် ခံစစ်ပြင်ဆင်နေဟု ဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံတပ်ရင်းများက တော်လှန်ရေးပူးပေါင်းတပ်များ လာရောက်တိုက်ခိုက်မည်ကို ကြောက်လန့်ပြီး ခံစစ်ပုံစံဆောက်လုပ်ရန် ပြင်ဆင်နေကြသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်များဖြစ်သည့် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၁၉၊ အမှတ် (၆) ခြေမြန်တပ်ရင်း ခမရ-၅၈၆၊ အမှတ် (၆၁) ခြေလျှင်တပ်ရင်း ခလရ-၆၁ စသည့် တပ်ရင်းများက ယခုရက်ပိုင်းအတွင်း အုတ်ခဲများ စုဆောင်းပြီး ခံစစ်ပုံစံဆောက်လုပ်ရန် ပြင်ဆင်လာကြသည်ဟု ဆိုသည်။

    လက်ရှိတွင် အုတ်လုပ်ငန်းရှင်များကို စစ်ကောင်စီက ၎င်းတို့သတ်မှတ်ဈေးဖြင့် အလုံးအရင်း ဝယ်ယူစုဆောင်းနေပြီး မရောင်းပေးပါက အုတ်လုပ်ငန်းများကို လုပ်ပိုင်ခွင့် ပိတ်သိမ်းမည်ဖြစ်ကြောင်း ပြောဆိုခြိမ်းခြောက်ထားသည်ဟု ရေးမြို့မှ သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    ဓါတ်ပုံ – ရေးမြို့ရှိ ခလရ-၅၈၆ တပ်ရင်းရှေ့တွင် အုတ်ခဲများ စုဆောင်းထားပုံ (CJ)

    “အခုလောလောဆယ် စကခ-၁၉ ရယ်၊ ၅၈၆ ရယ်၊ ၆၁ တပ်ရင်းတွေက အုတ်တွေကို သူတို့သတ်မှတ် ထားတဲ့ဈေးနဲ့ အုတ်လုပ်ငန်းရှင်တွေက မသွင်းမနေရ၊ အဲလိုလုပ်နေတယ်။ အုတ်တစ်ဖိုကို ငါးသောင်းပဲ ပေးတယ်။ အုတ်တွေက သူတို့တပ်ရင်းတွေရှေ့မှာတော့ ပုံထားတယ်။ ဘာလုပ်မယ်လို့တော့ မသိဘူး။ ခိုင်ခံ့တဲ့အုတ်တံတိုင်းလုပ်မယ်ထင်တာပဲ၊ သူတို့သတ်မှတ်ထားတဲ့ဈေးနဲ့ပဲ ဝယ်တယ်။ မရောင်းပေးရင်တော့ အုတ်ဖိုတွေ နောက်နှစ် လုပ်ခွင့်ပိတ်မယ်လို့ ပြောဆိုခြိမ်းခြောက်ထားတယ်” ဟု ပြောသည်။

    ရေးမြို့နယ်သည် တော်လှန်ရေး ပိုမိုအားကောင်းသည့် နယ်မြေဒေသတစ်ခုဖြစ်လာသည့်အတွက် အဆိုပါဒေသရှိ တပ်ရင်းများကို ခံစစ်အသွင် ပြုပြင်တည်ဆောက်ခြင်း၊ ဘန်ကာများ တည်ဆောင်ခြင်း၊ ကင်းစခန်းများ တည်ဆောက်ရန် ပြင်ဆင်လာနိုင်သည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    “ရေးနဲ့သံဖြူဇရပ်ကြားမှာတော့ သူတို့(စစ်ကောင်စီ) အားနည်းနေတာ တွေ့ရတယ်။ အဲဒါကြောင့် တပ်ရင်းတွေမှာ ဆောက်ကြည့်တဲ့ကင်းစခန်းတွေကို ဆောက်လုပ်လာနိုင်တယ်။ စခန်းတွေကို ခိုင်ခံအောင် ပြုပြင်တည်ဆောက်တယ်။ ဘန်ကာတွေကို သေသေချာချာ ဆောက်လာနိုင်တယ်။ တော်လှန်ရေးတွေ ဖြတ်သန်းသွားလာနိုင်တယ်လို့ ထင်မြင်တဲ့နေရာတွေ၊ ကုန်းပေါ်မှာရှိပြီး ဗျုဟာကျတဲ့ တပ်ရင်းတွေနေရာမှာဆိုရင် သူတို့အဲလိုပြင်ဆင်တယ်။ အဲလို ပြင်ဆင်လို့ ထားဝယ်မှာ သူတို့တစ်ချက် အဆင်ပြေသွားတယ်၊ နောက်တော့လည်း တောလှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တာပဲလေ” ဟု နိုင်နဂါးက ပြောသည်။

    ရေးမြို့နယ်တွင် စစ်ကောင်စီ အခြေစိုက်တပ်ရင်းများ ဖြစ်သည့် စကခ-၁၉၊ လက်အောက်ခံ ခလရ (၃၁)၊ ခလရ (၆၁)၊ ခလရ (၁၀၆)၊ ခမရ (၂၉၉)၊ ခမရ (၃၄၃)၊ ခမရ (၅၈၆)၊ ခမရ (၅၈၇)၊ ခမရ (၅၈၃)၊ ခမရ (၅၉၁) နှင့် အမတ (၃၁၆) တပ်ရင်းများ တည်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်တို့က မကြာခဏ လာရောက်တိုက်ခိုက်လျက်ရှိသည်။

    တစ်ဖက်တွင် မွန်တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP-AD၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA တို့ ပါဝင်သည့် “ရာမညပူးတွဲစစ်ကြောင်း” အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ မွန်ပြည်နယ်တစ်ခွင် စစ်ရေးအရှိန်မြှင့်တင်ရန် ရှိကြောင်း ထုတ်ပြန်ပြောဆိုထားပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks