spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းနိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားခြင်းနှင့်အတူ တရားလက်လွတ်သတ်ဖြတ်ခံရမှုဆက်တိုက်ရှိနေ

    နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားခြင်းနှင့်အတူ တရားလက်လွတ်သတ်ဖြတ်ခံရမှုဆက်တိုက်ရှိနေ

    -

    စစ်တပ်အာဏာသိမ်းပြီနောက် နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုပျက်ပြားနေပြီး၊ လက်နက်ကိုင် ပဋိပက္ခရှည်လျားနေသဖြင့် ရပ်ရွာလူမှုအသိုင်းအဝန်းတို့တွင် လက်သည်မပေါ်သည့်သတ်ဖြတ်မှု ဆက်တိုက်ရှိလာနေကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတို့မှ သိရသည်။

    မွန်ပြည်နယ်အတွင်း IMNA မှစုစည်းထားသည့် အချက်အလက်များအရ ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း လုပ်ကြံသတ်ဖြတ်ခံရမှုများကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ၄ ဦးဒဏ်ရာရကာ သေဆုံးခဲ့ရသည်။

    သေဆုံးခဲ့ရသူတို့တွင် မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သတ်သူ၊ ခိုးဆိုးလုယက်သူ၊ လုပ်ငန်းရှင်တို့အပြင် စစ်ကောင်စီအဖွဲ့တို့နှင့် ပတ်သတ်ဆက်နွယ်နေသူတို့ ဖြစ်ပြီး ကျူးလွန်သူတို့သည့် စစ်ကောင်စီအဖွဲ့တို့နှင့် ပတ်သတ်ဆက်နွယ်သူတို့ဖြစ်နိုင်သကဲသို့ တစ်ဖက်တော်လှန်ရေးအဖွဲ့တို့မှလည်း ဖြစ်နိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတို့က သုံးသပ်သည်။

    လိုအပ်ချက်အရသတ်ဖြတ်ခြင်းဖြစ်စေ၊ နောက်ခံအကြောင်းအရာ တစ်စုံတစ်ရာကြောင့် သတ်ဖြတ်ခြင်းဖြစ်စေ အကြောင်းအရင်းကိုယ်စီရှိကြသော်လည် ကြီးမားသော လူ့အခွင့်အရေးကိုချိုးဖောက်ရာရောက်သည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်းဒေးရှင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

    “ နိုင်ငံက rule of law ယန္တရား ကပျက်စီးသွား တာကြာပြီဖြစ်တဲ့အတွက် တရားဥပဒေလမ်းကြောင်းနဲ့ မသွားကြတော့ပဲ လက်စားချေခြင်း အပြတ်ရှင်းခြင်းနည်းတွေ ပိုသုံးလာကြတော့တယ်။ လူ့အခွင့်အရေးအရကြည့်ရင် သတ်ဖြတ်ခြင်းဟာ အလွန်ကြီးမားတဲ့ ချိုးဖောက်မှုပါ သတ်ဖြတ်မှုကိုဖြစ်စေတဲ့ နောက်ခံအကြောင်းအရင်းကို မသိရပဲနဲ့ကောက်ချက်ချဖို့ ခက်ခဲပါတယ်”ဟု ၎င်းကပြောသည်။

    ပြီးခဲ့သည့် မေလ ၅ ရက်နေ့တွင် သထုံမြို့နယ်တွင် မူးယစ်ဆေးဝါးကိစ္စနှင့်မကင်းသည့်လူငယ်အမျိုးသား ၃ ဦး သေနတ်ဖြင့်ပစ်သတ်ခံရပြီး ပြီးခဲ့သည့် ဧပြီလတွင်လည်း ကမာဝက်မြို့တွင် အလှဖန်တီးရှင်တစ်ဦးနှင့် ဒေသခံအမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရသည်။

    လတ်တလောတွင် မူးယစ်ဆေးဝါးရောင်းဝယ်သည့်ကိစ္စနှင့် ပတ်သက်သူများ ဆက်တိုက်ပစ်သတ်ခံ နေရသော်လည်း မိသားစုဝင်တို့မှ သက်ဆိုင်ရာထံတိုင်းကြားခြင်းမျိုး ဆက်လက်မလုပ်ဆောင်ကြကြောင်း၊ ရပ်ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူတို့သည်လည်း တရားမျှတမခြင်းအတွက်တစုံတရာ လုပ်ဆောင် ပေးခြင်းမရှိဟု မုဒုံမြို့နယ်မှဒေသခံတစ်ဦးကပြောသည်။

    “ဥက္ကဌတွေကလည်း ဘာမှ မလုပ်ပေးဖြစ်ဘူး၊ သူတို့မလုပ်ဖြစ်တာကလည်း မိဘတွေကိုယ်တိုင်လည်း တိုင်ကြားတာမျိုးဆက်မလုပ်ဘူးလေ အဲ့လိုမူးယစ်ဆေးကိစ္စတွေနဲ့ ပတ်သက်နေတယ် ဆိုတော့ နောက်သူနဲ့ပစ်သတ်ခံရတဲ့တယောက်လည်းသူတို့မိသားစုဝင်တွေလည်း အဲ့အတိုင်းပဲ ထား လိုက်ကြတယ် အဲ့လိုမျိုးဖြစ်ခါစဆို သာမန်ပြည်သူတွေတော့ဖြစ်ခါစဆို ထိတ်လန့်ကြပါတယ်၊ ရောင်းနေတဲ့သူတွေကတော့ ဆက်လုပ်နေပါတယ်”ဟု၎င်းကပြောသည်။

    ဥပဒေမဲ့ တရားလက်လွတ်သတ်ဖြတ်မှုတို့ကြောင့် ပြည်သူတိုင်း မလုံခြုံမှု ခံနေရသည့်အပြင် ယခုကဲ့သို့ သတ်ဖြတ်မှုကိုလည်း ရွေးကောက်ခံကိုယ်စားလှယ်တို့နှင့် ဖွဲ့စည်းထားသည့် CRPH၊ NUG တို့အနေနဲ့လည့် ကန့်ကွက်ရှုတ်ချသင့်ကြောင်း နိုင်ငံရေးသမားတို့က တိုက်တွန်းထားသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမွန်ပြည်နယ်အတွင်း လုပ်ကြံသတ်ဖြတ်ခံရသည့်ဖြစ်စဉ်မကြာခဏ ဖြစ်ပွားနေပြီး လုပ်ကြံသတ်ဖြတ်ခံရမှုများကြောင့် ဒေသခံအများအပြားသေဆုံးခဲ့ရသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks